Connect with us

Local

ကျောက်ဖြူ အထူး စီးပွားရေးဇုန်၏ စက်မှုဇုန်နှင့် ရေနက် ဆိပ်ကမ်း စီမံကိန်း ၂ ခု အတွက် တင်ဒါ အောင်မြင်သည့် အဖွဲ့အား ထုတ်ပြန် ကြေညာ

ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်က တင်ဒါ အောင်မြင်သော CITIC Group ၏ ဥက္ကဋ္ဌအား Tender Award Letter အား ပေးအပ်စဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဒီဇင်ဘာ ၃၀ ရက် ( ဆင်ဟွာ)

ကျောက်ဖြူ အထူး စီးပွားရေးဇုန် စက်မှုဇုန် နှင့် ရေနက် ဆိပ်ကမ်း စီမံကိန်း ၂ ခု အတွက် ကုမ္မဏီ ၆ ခု ပါဝင်သော CITIC အဖွဲ့( The CITIC Consortium) သည် တင်ဒါအောင်မြင်သော အဖွဲ့ ဖြစ်ကြောင်း မြန်မာ နိုင်ငံ ကျောက်ဖြူ အထူးစီးပွားရေးဇုန် တင်ဒါ စစ်ဆေးရေး နှင့် တင်ဒါ ရွေးချယ်ရေး လုပ်ငန်းကော်မတီ (BEAC) မှ ယနေ့ ဒီဇင်ဘာလ ၃၀ ရက်တွင် တရားဝင် ထုတ်ပြန် ကြေညာခဲ့သည်။

ကျောက်ဖြူ အထူး စီးပွားရေးဇုန်ကို အကောင်အထည် ဖော်ဆောင်ရန် နိုင်ငံတော် အစိုးရသည် ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် နိုင်ငံတကာသို့ တင်ဒါများ ခေါ်ယူခဲ့ပြီး CITIC Group နှင့် ထိုင်းနိုင်ငံ CP Group ၊ တရုတ်နိုင်ငံ CHEC အဖွဲ့ ၊ China Merchants Group ၊ China Tianjin TEDA နှင့် တရုတ် ယူနန် ဆောက်လုပ်ရေး အဖွဲ့တို့ ပူးပေါင်း၍ စက်မှုဇုန် နှင့် ရေနက် ဆိပ်ကမ်း စီမံကိန်းများ ဆိုင်ရာ တင်ဒါများ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်နှင့် တင်ဒါ အောင်မြင်သော CITIC Group ၏ ဥက္ကဋ္ဌ တို့ အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ် (ဆင်ဟွာ)

ထို့အတူ ယနေ့ နေပြည်တော်၌ ပြုလုပ်သော ကျောက်ဖြူ အထူး စီးပွားရေးဇုန် ဆိုင်ရာ စီမံကိန်းများ တင်ဒါ ရွေးချယ် အပ်နှင်းပွဲသို့အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတတ်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ကျောက်ဖြူ အထူး စီးပွားရေးဇုန် တင်ဒါ စစ်ဆေးရေးနှင့် ရွေးချယ်ရေး ကော်မတီ ဥက္ကဌ ဖြစ်သူ ဒေါက်တာ ကံဇော်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများ တတ်ရောက်ခဲ့သည်။

တင်ဒါ အောင်မြင်ခဲ့သော CITIC အဖွဲ့သည် မြန်မာ စီးပွားရေး အဖွဲ့အစည်းများ နှင့်အတူ ဖက်စပ် ကုမ္ပဏီ ဖွဲ့စည်း ထူထောင်ပြီး စက်မှုဇုန်နှင့် ရေနက် ဆိပ်ကမ်းများကို အတူတကွ တည်ဆောက်ခြင်း ၊ စီမံ ခန့်ခွဲခြင်း လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ စက်မှုဇုန် နှင့် ရေနက် ဆိပ်ကမ်းများ အောင်မြင်စွာ အကောင် အထည် ဖော်ခြင်းဖြင့် နှစ်စဉ် ဒေသခံ ပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်း ၁ သိန်းကျော် အထိ ဖန်တီး ပေးနိုင်မည် ဖြစ်သည်။ စီမံကိန်းများ လုပ်ငန်း လည်ပတ်ခွင့် ပြုထားသော သက်တမ်း ကာလအတွင်း ဆိပ်ကမ်းနှင့် စက်မှုဇုန်သည် နိုင်ငံတော် အစိုးရ အတွက် အခွန်ဝင်ငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံခန့် ရရှိစေနိုင်မည် ဖြစ်သည်။ စက်မှုဇုန် စီမံကိန်း အောင်မြင်စွာ အကောင်အထည် ဖော်ပြီး လည်ပတ်ရန် ကာလသို့ ဝင်ရောက်လာသော အခါ နှစ်စဉ် ထုတ်လုပ်ရေး တန်ဘိုးသည် အမေရိကန် ဒေါ်လာ ၃.၂ ဘီလီယံခန့် ရရှိမည် ဖြစ်ကြောင်း သိရသည်။

ထု့ိပြင် ရခိုင်ပြည်နယ် ကျောက်ဖြူ ၊ ရမ်းဗြဲ ဒေသခံ ပြည်သူများ အတွက် လူမှုရေးရာ တာဝန်ယူမှု အနေဖြင့် ပထမ ၅ နှစ် ဖြစ်သော စီမံကိန်း တည်ဆောက်ရေး ကာလ အတွင်း နှစ်စဉ် အမေရိကန် ဒေါ်လာ ၁ သန်းစီကို လည်းကောင်း ၊ လုပ်ငန်း ဆောင်ရွက်သော ကာလတွင် နှစ်စဉ် အမေရိကန် ဒေါ်လာ ၅ သိန်း စီကိုလည်းကောင်း သုံးစွဲသွားမည် ဖြစ်ကြောင်း တင်ဒါ လျှောက်လွှာတွင် ဖော်ပြ ကတိပြုထားပြီး ဖြစ်ကြောင်း သိရသည်။

စက်မှုဇုန် စီမံကိန်းသည် မြေဟတ်တာ ၁,၀၀၀ အကျယ်အဝန်း ရှိသည့် နေရာတွင် အဆင့် ၃ ဆင့် ခွဲလျက် အကောင်အထည် ဖော်ရန် စီမံ ဆောင်ရွက်လျက် ရှိပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် လုပ်ငန်း စတင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

ရေနက် ဆိပ်ကမ်း စီမံကိန်းသည် မဒေးကျွန်းနှင့် ရမ်းဗြဲကျွန်း ဆိပ်ကမ်း နေရာ ၂ ခု ပါဝင်ပြီး ကျောက်ချ ရပ်နားရန် နေရာ ၁၀ ခု နှင့် စက်မှုဇုန် နှင့် ဆိပ်ကမ်း အထိ ရောက်ရှိသော ကားလမ်း နှင့် တံတားများ ပါဝင်သည်။ စီမံကိန်း အကောင်အထည် ဖော်ရန် အဆင့် ၄ ဆင့် ခွဲခြား သတ်မှတ်ထားကြောင်း သိရသည်။

ကျောက်ဖြူ အထူးစီးပွားရေး ဇုန် နယ်နိမိတ် အဖြစ် မြေဧက ၄,၂၈၉ . ၃၂ ဧက သတ်မှတ်နိုင်ရန် နိုင်ငံတော် သမ္မတသည် ပြည် ထောင်စု လွှတ်တော် နာယကထံ သို့ သဝဏ်လွှာ ပေးပို့ခဲ့ပြီး ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အတည် ပြုခဲ့သည်။ (Xinhua)