Connect with us

Local

တစ်ဒေါ်လာ ၁၂၀၆ ကျပ်အထိ ဈေးမြင့်လာ

ကျပ်ငွေ နှင့် ဒေါ်လာ များအားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

ဈေးကွက်အတွင်း ဒေါ်လာဝယ်ယူအား တက်သည့် အတွက် ယခုရက်ပိုင်းအတွင်းတစ်ဒေါ်လာလျှင် ၁၁၉၄ ကျပ်မှ ၁၂၀၆ ကျပ် အထိ ကျပ်၁၀ ကျော်ဈေးတက်လာကြောင်း သိရသည်။

ဒေါ်လာဈေးကွက် စောင့်ကြည့်လေ့လာသူ ဦးစန်းဝင်းက “ ဒေါ်လာက ဝယ်လိုအားတက်လာတယ်။ အရင်က ရန်ကုန်မြို့ရဲ့ ပြင်ပဒေါ်လာဝယ်ရောင်းဈေးကွက်မှာ တစ်နေ့ကို ၂ သန်းဖိုးလောက် ဝယ်လိုအားရှိရာကနေ ဒီရက်ပိုင်းတွေမှာ ဝယ်လိုအားက ၂၁ သန်းလောက်အထိရှိလာတယ်။ မက္ကာကို ဘုရားဖူး သွားဖို့ အတွက် လိုက်ဝယ်တာတွေကြောင့်လည်း ဝယ်လိုအားတက်တာပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။
ဒေါ်လာဈေးနှုန်းက တစ်ရက်ကို ၂ ကျပ်နှုန်းလောက် နှင့် တစ်ပတ်အတွင်း ဈေးတက်ခဲ့ခြင်းဖြစ်သည်။ ဒေါ်လာဈေး အနည်းငယ်တက်ခဲ့သည့်အတွက် ရွှေဈေးလည်း အနည်းငယ်တက်သွားခဲ့ကြောင်း သိရသည်။
ကောင်းစံရွှေဆိုင်ရှင် ဦးမျိုးကျော်ကျော်က “တစ်ကျပ်သားကို ကျပ် ၁၀၀၀ လောက်တော့ တက်သွားတယ်။ မနေ့က တစ်ကျပ်သားကို ကျပ် ၈၅၄,၅၀၀ ၊ ဒီနေ့က တစ်ကျပ်သား ကို ကျပ် ၈၅၅,၅၀၀ ရှိပါတယ်’’ ဟုပြောသည်။
ဒေါ်လာဈေး အတက်အကျသည် လက်ရှိတွင် ခန့်မှန်းရခက်နေကြောင်း၊ အစိုးရ၏ စီမံကိန်းများ အကောင်အထည်ဖော်ရန်အတွက် ဒေါ်လာဝယ်လိုအားမြင့်တက်လာခြင်းလည်း ဖြစ်နိုင်ကြောင်း စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.