Connect with us

Local

မိုးဦးကာလ ရေယာဉ်များ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေး အတွက် ရေလမ်း သတိပေး နှိုးဆော်

ရေလမ်းပြအမှတ်အသား စိုက်ထူစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန် ၊ မေ ၁၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံရှိ မြစ်များတွင် မိုးဦးကာလ ရေယာဉ်များ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေး အတွက် ရေလမ်း သတိပေး နှိုးဆော်ချက်အား ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထုတ်ပြန် ထားကြောင်း သိရသည်။

မိုးဦးကာလ၌ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းများ တိုက်ခတ်ခြင်းနှင့် အတူ မြစ်ရေ မြင့်တက်လာမည် ဖြစ်ပြီး မြစ်ရေတက်လာမှု ပေါ်မူတည်၍ ရေယာဉ်များ အ္တရာယ်ကင်းစွာ ခုတ်မောင်း သွားလာနိုင်ရန် လိုအပ် သော ရေလမ်းညွှန် အမှတ်အသားများကို ပြသထားမည်ဖြစ်၍ အလေးထား လိုက်နာကြရန် လိုအပ်ကြောင်း ၊ ရာသီဥတုဒဏ်ကြောင့် ရေလမ်းညွှန် အမှတ်အသားများ တစ်ခါတစ်ရံ ပျက်စီးပျောက်ဆုံးနိုင်သဖြင့် ရေယာဉ်များ ဂရုပြု ခုတ်မောင်းကြရန် လိုအပ်ကြောင်း ထုတ်ပြန်ခဲ့သည်။

မြစ်ရေ မြင့်တက်လာမှုကြောင့် ရေနည်းကာလတွင်ရှိခဲ့ သော သောင်နှင့် ကျွန်းများ ရေမြုပ်၍ ရေမွှာပေါက် ဖြတ်လမ်း များ ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း ၊ ရေများကာလတွင် ရေလမ်းများအတွင်း ရေစီးသန်ခြင်းနှင့် ဝဲလှည့်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ၊ ထို့ကြောင့် ရေအနက် မလုံလောက်သော ရေမွှာပေါက် ဖြတ်လမ်းများကို အသုံးပြု ခုတ်မောင်းခြင်း မပြုကြရန်နှင့် မိမိရေယာဉ်၏ စက်အားနှင့် ရေစီးနှုန်းကို ချင့်ချိန်၍ သတ်မှတ် ရေလမ်း အတိုင်း သတိပြုခုတ်မောင်းကြ ရန် လိုအပ်ကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။

အထူးသဖြင့် ရေယာဉ် များသည် မိမိ၏ သယ်ဆောင်ဝန်အားနှင့် စက်အားကို ချင့်ချိန်တွက်ဆ၍ ဂရုပြုခုတ်မောင်းကြရမည် ဖြစ်ကြောင်း ၊ မနိုင်ဝန်ကို သယ်ဆောင်ခြင်းမျိုး မပြုကြရန်နှင့် မြစ်ကူးတံတား ကြီးများကို ဖြတ်သန်းရာတွင် တွဲတစ်တွဲချင်းသာ ချိတ်ဆွဲ ဖြတ်သန်းကြရမည် ဖြစ်ကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။

ရာသီဥတုပြောင်းလဲမှုကြောင့် ရုတ်တရက် လေပြင်းတိုက် ခတ်မှုနှင့် မိုးမှောင်ကျမှု ဖြစ်ပေါ်သည့်အခါ ရေယာဉ် အ္တရာယ် မဖြစ်စေရေးအတွက် အထူးသတိပြု ခုတ်မောင်းကြရန်နှင့် လေပြင်းတိုက်ခတ်စဉ် ရေယာဉ်များ လိုက်နာရမည့် နည်းဥပဒေ များအတိုင်း လိုက်နာကြရန် ရေလမ်း သတိပေး နှိုးဆော်ချက် ထုတ်ပြန်ထားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။(Xinhua)