Connect with us

Local

နေပြည်တော် လေဆိပ် လုပ်ငန်း အရှုံးပေါ်သဖြင့် လိုင်စင်ကို နိုင်ငံတော်သို့ ပြန်လည် လွှဲပြောင်း ပေးမည်

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား တွေ့ရစဉ် (ဓာတ်ပုံ -မြဝတီ)

ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်လုပ်ငန်းသည် အရှုံးပေါ်သဖြင့် လုပ်ကိုင်ခွင့်ရ Asia World ကုမ္ပဏီမှ လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ကို နိုင်ငံတော်သို့ ပြန်လည် လွှဲပေးမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

Asia World ကုမ္ပဏီမှ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား လုပ်ငန်း အရှုံးပေါ်မှုကြောင့် နိုင်ငံတော်သို့ ပြန်လည် အပ်နှံမှုကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံး ပတ်က ပို့ဆောင်ရေး ဝန်ကြီးဌာန လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ လက်ခံ သဘောတူခဲ့ခြင်း ဖြစ်ပြီး ယခုလ တစ်ပတ် အတွင်း ပြန်လွှဲပေးမည် ဖြစ်သည်။

အဆိုပါ နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ခရီးသည် သွားလာမှု နည်းပါးသည့် အပြင် နိုင်ငံတကာ လေကြောင်း ခရီးစဉ် ပျံသန်းမှု နည်းပါးခြင်း တို့ကြောင့် ရေရှည်တွင် ပိုမို အရှုံးပေါ် လာနိုင်သဖြင့် ယခုကဲ့သို့ နိုင်ငံတော်သို့ ပြန်လည် လွှဲပြောင်း ပေးရခြင်း ဖြစ်ကြောင်း သိရသည်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို နိုင်ငံတော်မှ ပြန်လည် တာဝန်ယူ ဆောင်ရွက်မည် ဖြစ်သော်လည်း လက်ရှိ လေဆိပ် ဝန်ဆောင်မှု လုပ်ငန်းများကို Pioneer Aerodrome Service ကုမ္ပဏီမှ နှစ်ရှည် စီမံကိန်းဖြင့် ဆက်လက် တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.