Connect with us

Local

မော်တော်ယာဉ် များ တင်သွင်းခြင်းတွင် ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်ခြင်းအား ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက် အရ ပြင်ဆင်ဖြေလျှော့ရန် ဆုံးဖြတ်

ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက် အရ ပြင်ဆင်ဖြေလျှော့ရန် ဆုံးဖြတ်ခဲ့သော မော်တော်ယာဉ်တင်သွင်းမှု ဆိုင်ရာ ထုတ်လုပ်ခုနှစ် သတ်မှတ်ချက်အား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

ယခု ၂၀၁၆ ခုနှစ် အတွက် မော်တော်ယာဉ်များ တင်သွင်းခြင်းတွင် ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်ခြင်း အား ယနေ့ဇန်နဝါရီ ၇ ရက်တွင် ပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက် အရ အများပြည်သူ အကျိုးငှာ ပြင်ဆင်ဖြေလျှော့ရန်ဆုံးဖြတ်ခဲ့ပြီး ပြောင်းလဲဆောင် ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ဇန်နဝါရီ ၇ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မော်တော်ယာဉ်များ တင်သွင်းခြင်းအတွက် ထုတ်လုပ်မှုခုနှစ် ပြင်ဆင်သတ်မှတ်ခြင်းများအား ယာဉ်အိုယာဉ်ဟောင်း အစားထိုး လျှောက်ထားမှု (Consignment စနစ်) အပါအဝင် ၊ နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်ထားသော လူပုဂ္ဂိုလ် တစ်ဦးချင်း ၊ ပို့ကုန်/သွင်းကုန် ကုမ္ပဏီများ ၊ နိုင်ငံခြားရေး ဝန်ထမ်းများ ၊ သဘောၤသားများ ၊ ပြည်ပအလုပ်သမားများ ၊ ကာကွယ်ရေး ဝန်ကြီးဌာန စစ်သံ ဝန်ထမ်းများ ၊ ဟိုတယ်/ခရီး လုပ်ငန်းရှင်များ မော်တော်ယာဉ် လျှောက်ထားမှု ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ထောက်ခံချက်ဖြင့် Taxi လျှောက်ထားမှု ၊ ပုံမှန်လိုင်စင်ဖြင့် မော်တော်ယာဉ်လျှောက်ထားမှု(FOC စနစ်ဖြင့် ပြည်ပမှ လှူဒါန်းသည့် မော်တော်ယာဉ် ပါမစ် လျှောက်ထားမှု) ၊ အစိုးရ ဌာနများမှ မော်တော်ယာဉ် လျှောက်ထားမှုများကို ပြောင်းလဲဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုပြင် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စ၍ ရောက်ရှိ ခုနှစ်နှင့် ရောက်ရှိ ခုနှစ်အောက် တစ်နှစ်နိမ့် မော်ဒယ်(Brand New) မော်တော်ယာဉ်များ တင်သွင်းပါက ဘယ်မောင်းသာ တင်သွင်းကြရန်နှင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် အထိ ခွင့်ပြုခဲ့သည့် အရောင်းစင်တာ ၊ အရောင်းပြခန်းများမှ သွင်းကုန် လိုင်စင်များကို ယခုနှစ် ဒီဇင်ဘာ ၃၀ ရက်အထိ မှတ်ပုံတင် ခွင့်ပြုပေးမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.