Connect with us

Local

မဟာမဲခေါင် ဒေသခွဲ ခရီးသွားလုပ်ငန်း မဟာဗျူဟာ ၂ဝ၁၆-၂ဝ၂၅ တွင် မဟာဗျူဟာ ငါးရပ်ထည့်သွင်း လုပ်ဆောင် သွားမည်

မဲခေါင်မြစ်အားတွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

မဟာမဲခေါင် ဒေသခွဲ ခရီးသွားလုပ်ငန်း မဟာဗျူဟာ ၂ဝ၁၆-၂ဝ၂၅ တွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် မဟာဗျူဟာ ငါးရပ်ထည့်သွင်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ မဟာဗျူဟာ ၂ဝ၁၆-၂ဝ၂၅ တွင် ထည့်သွင်း ရေးဆွဲမည့် မဟာဗျူဟာ ငါးရပ်တွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး၊ ခရီးသွားလုပ်ငန်း အခြေခံ အဆောက်အအုံ မြှင့်တင်ရေး၊ တာဝန်သိ ခရီးသွား လုပ်ငန်း နှင့် ဝန်ဆောင်မှု ဖွံ့ဖြိုး တိုးတက်ရေး၊ ဈေးကွက် မြှင့်တင်ရေး အစီအစဉ်များ အကောင် အထည်ဖော်ရေးနှင့် ဒေသတွင်း ဆက်သွယ် သွားလာမှု လွယ်ကူ အဆင်ပြေစေရေး စသည့်အချက် များကို ထည့်သွင်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မဟာမဲခေါင် ဒေသခွဲ၏ လာမည့် ၁ဝ နှစ်တာ ကာလအတွင်း ဖွံ့ဖြိုး တိုးတက်ရန် အကောင်အထည် ဖော်ရာတွင် လမ်းပြမြေပုံ အဖြစ် ရပ်တည်မည့် မဟာမဲခေါင် ဒေသခွဲ မဟာဗျူဟာ ၂ဝ၁၆-၂ဝ၂၅ ရေးဆွဲရာတွင် ဌာနဆိုင်ရာ ကိုယ်စားလှယ် များမှ ဝေဖန် အကြံပြုပေး စေလိုကြောင်း သိရသည်။

မြန်မာ၊ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ တို့ပါဝင်သည့် မဟာမဲခေါင် ဒေသအတွင်း လူ့စွမ်းအား အရင်းအမြစ်များ အပြင် လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး လုပ်ငန်းများ အနေဖြင့် နိုင်ငံတကာ စာချုပ်စာတမ်း များတွင် ဖော်ပြပါရှိသည့် ကျေးကျွန်ပြုမှု ပုံစံအားလုံးကို တိုက်ဖျက်မည့် ကတိကဝတ်ကို ခိုင်မာစေခြင်း၊ လူကုန်ကူးမှုနှင့် သက်ဆိုင်သည့် နိုင်ငံတကာ စာချုပ်စာတမ်း များ၏ အရေးကြီးမှုကို အသိအမှတ် ပြုခြင်း၊ လူ့စွမ်းအား တိုးတက်စေခြင်း၊ လူကုန်ကူး ခံရသူနှင့် လူကုန်ကူးခံ ရနိုင်ဖွယ်ရှိသူ များအား ကာကွယ်ပေးခြင်း အစရှိသည် တို့ကို လူကုန်ကူးခြင်း နှင့် ဆက်စပ်သည့် အန္တရာယ်များကို ကြိုတင် ကာကွယ်နိုင်ရေး အတွက် လည်းကောင်း၊ မဟာမဲခေါင် ဒေသခွဲ အတွင်းရှိ နိုင်ငံများအကြား တွင် လည်းကောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများ ကြားတွင် သော်လည်းကောင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.