Connect with us

Local

မြန်မာနိုင်ငံအနေဖြင့် ပင်လယ်ရေကြောင်း မှတစ်ဆင့် ဆန်တန်ချိန် ငါးသိန်းတင်ပို့နိုင်ရန် စီစဉ်

ဆန်အိတ်များအားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ ပင်လယ်ရေကြောင်း မှတစ်ဆင့် ဆန်တန်ချိန် ငါးသိန်းတင်ပို့နိုင်ရန် စီစဉ်ထားပြီး ယင်းအနက် အင်ဒိုနီးရှားနိုင်ငံက ဆန်တန်ချိန် သုံးသိန်းဝယ်ယူမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံမှ ဆန်တန်ချိန် သုံးသိန်းခန့်ကို အင်ဒိုနီးရှား နိုင်ငံက ဝယ်ယူနိုင်ရန် သဘောတူညီမှု လက်မှတ်ရေးထိုးထားခြင်း ဖြစ်ပြီး ယခုလအတွင်း သက်တမ်းတိုးရန် လုပ်ဆောင်သွားမည် ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ပင်လယ်ရေကြောင်း မှတစ်ဆင့် ၂၅ မှတ်ဆန်ကို အဓိကတင်ပို့ထားပြီး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၃ဝ ခန့် ရရှိကြောင်း၊ လက်ရှိဘဏ္ဍာနှစ် လေးလတာ ကာလအတွင်း ပြည်ပနိုင်ငံသို့ ဆန်တန်ချိန် လေးသိန်းကျော် တင်ပို့ထားနိုင်ပြီး ပြီးခဲ့သည့် နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဆန်တန်ချိန် နှစ်သိန်းကျော် လျော့နည်းနေသေးကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှု ဈေးကွက်အတွင်း ၈ဝ ရာခိုင်နှုန်းခန့်သည် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ကြောင်း၊ သြဂုတ် ၂၁ ရက်မှ ၂၇ ရက်အထိ အမေရိကန်ဒေါ်လာ ၁.၄၈၄ သန်းတန်ဖိုးရှိ ဆန်ဖြူနှင့် ပေါင်းဆန် ၃၉ဝ၄ တန်ကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ခဲ့ပြီး ဥရောပ သမဂ္ဂနိုင်ငံသို့ ပေါင်းဆန်တန်ချိန် ၉၅ဝ နှင့် ဧည့်မထဆန် ၆၅၄ တန်၊ တရုတ်နိုင်ငံသို့ ဧည့်မထဆန်တန်ချိန် ၂၃ဝဝ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.