Connect with us

Local

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားဘဏ် ခုနှစ်ခုအား ပြည်တွင်းဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် ပြု

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၉ ရက်(ဆင်ဟွာ)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် မြန်မာနိုင်ငံ၌ ဘဏ်လုပ်ငန်းများ လုပ်ကိုင်ရန် လျှောက်ထားလာသည့် နိုင်ငံခြားဘဏ်များအနက် ဘဏ်ခုနစ်ခုအား ဘဏ်လုပ်ငန်းများ စတင်ဆောင်ရွက်ရန် ကနဦး အတည်ပြုချက်ကို ယနေ့နေ့စွဲဖြင့် ခွင့်ပြုခဲ့သည်။

အဆိုပါ ဘဏ်များမှာ Bank of China Hong Kong(Branch License), Cathay United Bank(Branch License), Industrial Bank of Korea(Subsidiary License), KB Koomin Bank(Subsidiary License), Korea Development Bank(Branch License), Mega International Commercial Bank(Branch License), Siam Commercial Bank(Subsidiary License) တို့ ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ခွင့်ပြုမိန့်ရထားသော ဘဏ်များအနေဖြင့် လုပ်ငန်းလျှောက်ထားစဉ်ကလျှောက်လှ ွာပါ ကတိဝန်ခံချက်များ၊ ဗဟိုဘဏ်က ချမှတ်ထားသော လမ်းညွှန်ချက်များအတိုင်း အပြည့်အဝ အကောင်အထည်ဖော်နိုင်မှုအပေါ် မူတည်ပြီး အပြီးသတ် လိုင်စင်(final license)ကို ထပ်မံ ထုတ်ပေးသွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြ ပါရှိသည်။

ထို့အပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် Kosikorn Bank အား Ayeyarwaddy Farmers Development Bank Limited တွင် ရှယ်ယာ ထည့်ဝင်ရေးအတွက် ခွင့်ပြုလိုက်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ၂၀၁၄ အောက်တိုဘာ ၁ ရက်နေ့တွင် နိုင်ငံခြားဘဏ် ကိုးခုတို့ကိုလည်းကောင်း၊ ၂၀၁၆ မတ်လတွင် နိုင်ငံခြားဘဏ် လေးခုတို့ကိုလည်းကောင်း ပြည်တွင်း၌ ဘဏ်လုပ်ငန်းများ ဆောင်ရွက်ရန် ခွင့်ပြုခဲ့ပြီး ဖြစ်ရာ ယခု ခုနစ်ဘဏ်နှင့်ဆိုလျှင် နိုင်ငံခြားဘဏ် စုစုပေါင်း ၂၀ ခုတို့ကို လိုင်စင်ချပေးထားပြီး ဖြစ်ကြောင်း သိရသည်။  (Xinhua)