Connect with us

Local

မြန်မာနိုင်ငံ၌ အခြေခံ အဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှုများ ပိုမို မြှင့်တင်နိုင်ရန် မျှော်လင့်ကြောင်း အာရှအခြေခံ အဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ဥက္ကဋ္ဌ ပြောကြား


နေပြည်တော် ၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ အခြေခံ အဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှုများ ပိုမို မြှင့်တင်နိုင်ရန် မျှော်လင့်ကြောင်း အာရှအခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ်(AIIB) ဥက္ကဋ္ဌ မစ္စတာ ကျင်းလိချွင်(Jin Liqun)က ယနေ့အောက်တိုဘာ ၂၅ ရက်တွင် နေပြည်တော်၌ သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

အာရှ အခြေခံ အဆောက်အအုံ ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ်(AIIB) ဥက္ကဋ္ဌမစ္စတာ ကျင်းလိချွင်နှင့် သတင်းမီဒီယာများ တွေ့ဆုံစဉ် (ဆင်ဟွာ)

အာရှ အခြေခံ အဆောက်အအုံ ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ်(AIIB) ဥက္ကဋ္ဌမစ္စတာ ကျင်းလိချွင်နှင့် သတင်းမီဒီယာများ တွေ့ဆုံစဉ် (ဆင်ဟွာ)

အာရှ အခြေခံ အဆောက်အအုံ ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ်(AIIB) ဥက္ကဋ္ဌမစ္စတာ ကျင်းလိချွင်နှင့် သတင်းမီဒီယာများ တွေ့ဆုံစဉ် (ဆင်ဟွာ)

အာရှ အခြေခံ အဆောက်အအုံ ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ်(AIIB) ဥက္ကဋ္ဌမစ္စတာ ကျင်းလိချွင်နှင့် သတင်းမီဒီယာများ တွေ့ဆုံစဉ် (ဆင်ဟွာ)

အစိုးရသစ် အနေဖြင့် ငြိမ်းချမ်းရေး ဖြစ်စဉ် နှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု မြှင့်တင်ရေးတို့ကို တွန်းအားပေး ဆောင်ရွက်နေကြောင်း ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးသည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် တွန်းအားပေး မြှင့်တင်နိုင်ကြောင်း ၊ AIIB အနေဖြင့် ငြိမ်းချမ်းရေး နှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး အတွက် အားပေးကူညီ ဆောင်ရွက်သွားမည် ဖြစ်ပြီး ပြည်သူလူထု ဘ၀ တိုးတက်စေချင်သည့် အတွက် ဖြစ်ကြောင်း ဘဏ်ဥက္ကဋ္ဌ ကျင်းလိချွင်က ထည့်သွင်း ပြောကြားခဲ့သည်။

အာရှအခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ်(AIIB)ဥက္ကဋ္ဌ ကျင်းလိချွင်၏ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့နှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ ရေရှည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

အာရှအခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ်(AIIB)အနေဖြင့် အားလုံး ပါဝင်မှု သဘောဖြင့် ဆောင်ရွက်နေကြောင်း ၊ မြန်မာနိုင်ငံ တည်ဆောက်ရေး အတွက် အားလုံး ဝိုင်းဝန်းပြီး ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဘဏ်ဥက္ကဋ္ဌ ကျင်းလိချွင်က ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် စီမံကိန်းများစွာ ရှိသည့်အနက် အာရှအခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ်(AIIB)၏လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အတွက် မြင်းခြံ သဘာ၀ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စီမံကိန်းသည် အမြန်ဆုံး ဆောင်ရွက်သည့် စီမံကိန်း တစ်ခု ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ပိုးလမ်းမကြီး စီမံကိန်းသည် စီမံကိန်းအားလုံး ပါဝင်သည့် စီမံကိန်းကြီ်း ဖြစ်ပြီး ပိုးလမ်းမကြီး စီမံကိန်းများသည် ငွေကြေးဆိုင်ရာ အဆက်မပြတ် ပံ့ပိုးပေးနိုင်ခြင်း ၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခြင်း ၊ ဒေသခံပြည်သူလူထုများကလက်ခံ ကြိုဆိုခြင်း စသည့် အာရှ အခြေခံ အဆောက်အအုံဆိုင်ရာ ရင်းနှီးမြုပ်နှံမှုဘဏ်(AIIB)၏ သတ်မှတ် အဆင့်အတန်းများနှင့်ကိုက်ညီပါကဘဏ်အနေနှင့် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် လျှပ်စစ် စွမ်းအင် စနစ်များ ကောင်းမွန်လာရန် လျှပ်စစ်ဓာတ်အားပေး စီမံကိန်း ထုတ်လုပ်နိုင်စွမ်းတို့ကို တိုးတက်အောင် တည်ဆောက်နိုင်သည်ဟု ထင်မြင်ကြောင်း ၊ မြန်မာနိုင်ငံသည် ရေအား လျှပ်စစ် အရင်းအမြစ်ပေါကြွယ်ဝသော နိုင်ငံ ဖြစ်ပြီး လတ်တလော အခြေအနေတွင် ပြည်တွင်း၌ စွမ်းအင် မလုံလောက်မှုများ ရှိသော်လည်း အနာဂတ်တွင် အိမ်နီးချင်း နိုင်ငံများသို့တင်ပို့နိုင်သည့် အခြေအနေရှိကြောင်း အာရှအခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ်(AIIB)ဥက္ကဋ္ဌ ကျင်းလိချွင်က ပြောကြားခဲ့သည်။

အာရှအခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ်(AIIB)သည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလလယ်ပိုင်းတွင် လုပ်ငန်းများ စတင် လည်ပတ် ဆောင်ရွက်ခဲ့ကာ ဘဏ်ကိုစတင်တည်ထောင်သည့် နိုင်ငံ ၅၇ နိုင်ငံအနက် မြန်မာနိုင်ငံသည် တစ်နိုင်ငံဖြစ်သည်။ (Xinhua)