Connect with us

Local

မွန်ပြည်နယ်တွင် ဘုရားဖူး ခရီးစဉ် နှင့် ကမ်းခြေ ခရီးစဉ်သစ်များ ဖော်ထုတ်မည်

မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုး စေတီတော်သို့ လာရောက်ကြသော ဘုရားဖူးများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်တွင် ဘုရားဖူး ခရီးစဉ် နှင့် ကမ်းခြေ ခရီးစဉ်သစ်များ ဖော်ထုတ်မည် ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မွန်ပြည်နယ်၌ ကျိုက်ထီးရိုး စေတီတော်အပြင် မော်လမြိုင် တောင်ရိုးတန်းပေါ်မှ သံလွင်မြစ်ဝ ရှုခင်းများ၊ ပေါင်မြို့နယ်မှ ဇင်းကျိုက် ဆံတော်ရှင် စေတီ၊ ရေတံခွန်နှင့် နွားလပို့တောင်၊ ဘီးလင်း မြို့နယ်ရှိ မဲလံတောင်၊ သုဝဏ္ဏဘူမိ မြို့ဟောင်း စသည့် နေရာများသို့ သွားရောက် နိုင်သည့် ခရီးစဉ်များ ရှိနေသည့်အပြင် ရေးမြို့နယ် ရှိ ကဗျာဝ ကမ်းခြေသို့ သွားရောက် နိုင်သည့် ခရီးစဉ်သစ် များလည်း ဖော်ထုတ် နေကြောင်း အဆိုပါ တာဝန် ရှိသူက ဆိုသည်။

ခရီးသွား တိုးတက်လာမှုနှင့် အတူ ဟိုတယ်နှင့် တည်းခိုခန်း များလည်း တိုးတက်လျက်ရှိရာ ၂ဝ၁၂ ခုနှစ်တွင် မွန်ပြည်နယ်၌ ဟိုတယ်၊ တည်းခိုရိပ်သာ ၂၁ လုံးနှင့် အခန်းပေါင်း ၆၅၂ ခန်းရှိခဲ့ပြီး ယခုနှစ် အောက်တိုဘာလ ထိ ဟိုတယ်၊ တည်းခိုရိပ်သာ အလုံး ၄ဝ နှင့် အခန်းပေါင်း ၁,၄၁၃ ခန်းထိ ရှိလာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စာရင်းဇယား အရသိရသည်။

မွန်ပြည်နယ်သို့ ၂ဝ၁၃ ခုနှစ်တွင် ပြည်ပ ဧည့်သည် ဦးရေ ၁၁၅,ဝ၆ဝ၊ ၂ဝ၁၄ ခုနှစ်၌ ၁၇၂,၃၄၄ ဦး၊ ယခုနှစ် ဇန်နဝါရီမှ အောက်တိုဘာ လထိ ၁၁၆,၃၁၄ ဦး လာရောက် ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.