Connect with us

Local

ငွေဈေးအတက်အကျ မကြမ်းစေရန် နေ့စဉ်ဒေါ်လာသန်းချီရောင်းချပေးနေဟု ဗဟိုဘဏ်ဒုတိယဥက္ကဌဆို

ဗဟိုဘဏ်ဒုတိယဥက္ကဌ ဦးဆက်အောင်အား မြင်တွေ့ရစဉ် ဓါတ်ပုံ ( M.O.I)

ရန်ကုန်၊နိုဝင်ဘာ၂၉ရက်(ဆင်ဟွာ)

ငွေဈေးအတက်အကျ မကြမ်းစေဖို့အတွက် နိုင်ငံခြား သုံးငွေ လေလံက တစ်ဆင့်ဈေးကွက်အတွင်းကို နေ့စဉ် ဒေါ်လာသန်းနဲ့ချီပြီး ရောင်းပေးနေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ဒုတိယဥက္ကဋ္ဌ ) ဦးဆက်အောင် ထံမှ သိရသည်။

ယနေ့ဈေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၁၃၀၀ ဝန်းကျင်ရှိနေပြီး ဒေါ်လာဈေးက အမြင့်ဘက်ကို ဦးတည်နေကြောင်း ဒေါ်လာဈေးကွက် မှ သုံးသပ်ကြသည်။

ဦးဆက်အောင်က “ငွေလဲနှုန်းမြင့်တက်တာဟာ သာမန်အပေါ်ယံ အနေနဲ့ ပြော ရရင် ဒေါ်လာ ဝယ်လိုအားနဲ့ ရောင်းလိုအားပေါ်မူတည်ပါတယ်။ အဲဒီဒေါ်လာ ဝယ်လိုအားနဲ့ ရောင်းလိုအားဟာ ဈေးကွက်ထဲမှာရှိတဲ့ မြန်မာကျပ်ငွေ Liquidity ပေါ်မူတည်ပါတယ်။ မြန်မာကျပ်ငွေ Liquidity များရင် ငွေကြေးဖောင်း ပွမှု ရှိလာနိုင်ပြီး မြန်မာကျပ်ငွေ ရောင်းလိုအား (Kyat Supply) သို့မဟုတ် ဒေါ်လာဝယ်လိုအား (Dollar Demand)ကို တက်လာစေပါတယ်။’’ ဟုပြောသည်။

Inflation Adjust လုပ်ထားသည့် Real Effective Exchange Rate က အတက်အကျ တည်ငြိမ်မှုရှိပြီး Nominal exchange rate လို့ခေါ်သည့် ငွေလဲနှုန်း ကျဆင်းနေသည့်အတွက် ငွေကြေးဖောင်းပွမှုမြင့်မားခြင်းက မြန်မာကျပ်ငွေကျဆင်းမှုရဲ့ အဓိကအခန်း ကဏ္ဍမှာ ပါဝင်နေကြောင်း ၎င်းကဆိုသည်။

အခြားနိုင်ငံတွေ မှာ ဘဏ်တစ်ခုနဲ့တစ်ခု တိုက်ရိုက်ရောင်းဝယ်တဲ့ Multilateral FX interbank ဈေးကွက်က ဖွံ့ဖြိုးပြီးဖြစ်တဲ့အတွက် ရည်ညွှန်းငွေလဲနှုန်းကို ဗဟိုဘဏ်တွေက သတ်မှတ်တဲ့အခါ Interbank ဈေးကွက်မှာ ဘဏ်တစ်ခုနဲ့တစ်ခု နိုင်ငံခြားငွေ အရောင်းအဝယ်ဈေးနဲ့ ပမာဏကိုမူတည်ပြီး ပျမ်းမျှ (Weighted average) ကို တွက်ချက်ပြီး ထုတ်ပြန်ပါတယ်။ ဗဟိုဘဏ်တွေရဲ့ ရည်ညွှန်းငွေ လဲနှုန်းက ဈေးကွက်မှာ ဖြစ်ပေါ်နေတဲ့ ငွေလဲနှုန်းတွေကို ပျမ်းမျှတွက်ချက် ထုတ်ပြန်တာဖြစ်တဲ့အတွက် ဈေးကွက်ငွေလဲနှုန်းကို ကိုယ်စားပြုပါတယ်။ ဗဟိုဘဏ်တစ်ခုအနေနဲ့ ဈေးကွက်မှာဖြစ်ပေါ်နေတဲ့ ငွေလဲလှယ်နှုန်းကိုမကြိုက်ရင် ဘဏ်တစ်ခုကို Agent ဘဏ်တစ်ခုအဖြစ်ခန့်အပ်ပြီး Interbank ဈေးကွက်ကတစ်ဆင့် နိုင်ငံခြားငွေ ရောင်းတာ၊ဝယ်တာတွေ ပြုလုပ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဗဟိုဘဏ်ကလည်း ဈေးကွက်နှုန်းကိုကိုယ်စားပြုတဲ့ ရည်ညွှန်းငွေလဲလှယ် နှုန်းကို နိုင်ငံခြားသုံးငွေ လေလံကတစ်ဆင့် နေ့စဉ်သတ်မှတ်ပေးပါတယ်။

Interbank ဈေးကွက်မဖွံ့ဖြိုးသေးတဲ့အတွက် ငွေလဲနှုန်းအတက်အကျ Smooth ဖြစ်စေဖို့ နိုင်ငံခြားသုံးငွေ လေလံကတစ်ဆင့်သာ အရောင်းအဝယ် ပြုလုပ် လျက်ရှိပါတယ်။

ဦးဆက်အောင်က “GDP growth rate အလွန်မြင့် တက်လာရင် စီးပွားရေးတိုးတက်မှု၊ အပူချိန် ပြင်းထန်မှု (Economic overheating) ဖြစ်ပြီး ငွေကြေးဖောင်းပွမှု ပိုဖြစ် စေနိုင်ပါတယ်။ တိုးတက်ပြီးနိုင်ငံတွေမှာ စီးပွားရေး တိုးတက်မှုနှုန်း မြင့်တက် မှုနည်းသွားပါတယ်။ တချို့တိုးတက်ပြီးနိုင်ငံတွေဖြစ် တဲ့ အမေရိကန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ အီးယူဒေသတွေမှာ ငွေကြေးဖောင်းပွမှု အရမ်းနည်းတဲ့အတွက် ငွေကြေးနဲ့ ဘဏ္ဍာရေးမူဝါဒတွေ သုံးပြီး ငွေကြေးဖောင်းပွ မှုကို အနည်းဆုံး နှစ်ရာ ခိုင်နှုန်းလောက်ရောက်အောင် ကြိုးစားနေကြရပါတယ်။’’ ဟု ပြောသည်။

ငွေကြေးဖောင်းပွမှုဖြစ်နိုင်တဲ့ အကြောင်းအမျိုးမျိုးရှိပါ တယ်။ ငွေကြေးဖောင်း ပွမှုဖြစ်ရခြင်း အကြောင်းအမျိုးမျိုးအနက်က စီးပွားရေးတိုးတက်မှုနှုန်း (GDP growth rate) မြင့်တက်ခြင်း က ငွေကြေးဖောင်း ပွမှု ဖြစ်လာစေနိုင်တဲ့ အချက်တစ်ခုဖြစ်ကြောင်းဆိုသည်။

ပြုပြင်ပြောင်းလဲမှုတွေလုပ်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာလည်း ရင်းနှီးမြှုပ်နှံ မှုတွေများပြီး ဘတ်ဂျက်လိုငွေ ရှိလာတတ်ကြောင်း၊ အကျိုးရှိစေမယ့် ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ဖို့လိုကြောင်း၊ စီးပွားရေး တွက်ခြေကိုက်မယ့် စီမံကိန်း လုပ်ငန်းတွေကို Private Public Partnership (PPP) ပုံစံနဲ့ အကောင်အထည် ဖော်ဆောင်မှုတွေ လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

အဲဒီလို ဆောင်ရွက်တဲ့အခါမှာလည်း PPP စနစ်ကို ပွင့်လင်းမြင်သာစွာနဲ့ ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ PPP မူဘောင်တွေရှိဖို့လိုပြီး ဖိလစ်ပိုင်နိုင်ငံ မှာလို PPP စင်တာမျိုး ဖွဲ့စည်းတည်ထောင်ဖို့လည်း လိုအပ်ပါတယ်။
ဘတ်ဂျက်လိုငွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် ကောင်းမွန်တဲ့ ငွေကြေးဈေးကွက် ရှိဖို့ လိုအပ်ကြောင်း ဦးဆက်အောင်ကဆိုသည်။ (Xinhua)