Connect with us

Local

ရေနံထွက် ပစ္စည်းများ တင်သွင်း သိုလှောင် ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းအား အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းအတွက် ပြည်ပ ကုမ္ပဏီ ၄ ခုမှ တင်ဒါများ တင်သွင်းထား

ရန်ကုန်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင် တစ်ဆိုင်အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

မြန်မာ့ ရေနံထွက် ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း၏ ရေနံထွက် ပစ္စည်းများ တင်သွင်း သိုလှောင် ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းအား အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှု အတွက် ပြည်ပ ကုမ္မဏီ ၄ ခုမှ တင်ဒါများ တင်သွင်း ထားကြောင်း စွမ်းအင် ဝန်ကြီးဌာနမှ သိရသည်။

စွမ်းအင် ဝန်ကြီးဌာန ၊ မြန်မာ့ ရေနံထွက် ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း၏ ရေနံထွက် ပစ္စည်းများ တင်သွင်း သိုလှောင် ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းကို နိုင်ငံတကာ အတွေ့အကြုံရှိ ပြည်ပ ကုမ္ပဏီ တစ်ခုနှင့် အကျိုးတူ ပူးပေါင်း၍ Joint Venture ကုမ္ပဏီ ထူထောင်နိုင်ရေး အတွက် တင်ဒါ ဖိတ်ခေါ်ခဲ့ရာ တင်ဒါ နောက်ဆုံးရက်တွင် Indian Oil Corporation Ltd ၊ Puma Energy Group Pte Ltd ၊ PT.Pertamina(PERSERO) နှင့် Idemitsu International(Asia)Pte Ltd ကုမ္ပဏီ ၄ ခုတို့မှ တင်ဒါများ တင်သွင်း ခဲ့ကြောင်း သိရသည်။

“အခု တင်သွင်းထားတဲ့ ကုမ္ပဏီ ၄ ခုထဲက ၁ ခုကို ရွေးချယ်ပြီး လုပ်သွားမှာပါ။ ဒါတွေကို တင်ဒါ စိစစ် ရွေးချယ်ရေး ကော်မတီက အကဲဖြတ် ၊ ညှိနှိုင်းဖို့တွေ ရှိပါသေးတယ်။ ကြေညာဖို့ကတော့ အခုမှ စပြီး ညှိနှိုင်းဆဲ ရှိပါသေးတယ်။ လာမယ့်နှစ် ၂၀၁၆ ခုနှစ် မတ်လ လောက်ကို Joint Venture လက်မှတ် ထိုးနိုင်ဖို့ ကြိုးစားနေပါတယ်”ဟု စွမ်းအင် ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နိုင်ငံတကာ အတွေ့အကြုံရှိ ပြည်ပ ကုမ္ပဏီ တစ်ခုနှင့် အကျိုးတူ ပူးပေါင်း၍ Joint Venture ကုမ္ပဏီ ထူထောင်နိုင်ရေး အတွက် တင်ဒါပုံစံအား ဇူလိုင် ၂၀ ရက်မှ စတင်ရောင်းချခဲ့ရာ စက်တင်ဘာ ၉ ရက်အထိ ကုမ္ပဏီ ၁၄ ခုတို့မှ ဝယ်ယူခဲ့ပြီး တင်ဒါပုံစံ ဝယ်ယူထားသည့် ကုမ္ပဏီများအား တင်ဒါ ပြင်ဆင်ခြင်း ၃ လ သတ်မှတ်ပေးခဲ့ပြီး တင်ဒါ ဝယ်ယူသည့် ကုမ္ပဏီ အများစု၏ ပြင်ဆင်ချိန် တိုးမြှင့်ပေးရန် တင်ပြချက်အရ တင်ဒါ ပြင်ဆင်ချိန်အား တစ်လ ထပ်မံ တိုးမြင့်ပေးခဲ့သည်။ တင်ဒါ တင်သွင်းရမည့် နောက်ဆုံးရက်တွင် ဖော်ပြပါ ကုမ္ပဏီ ၄ ခုတို့မှ တင်ဒါများ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.