Connect with us

Local

အမေရိကန် တစ်ဒေါ်လာဈေး ၁,၃၀၂ ကျပ် အထိ ဈေးမြင့်လာ

အမေရိကန် ဒေါ်လာနှင့် မြန်မာ ကျပ်ငွေအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

နိုဝင်ဘာလ ၂၃ ရက် ညနေတွင် ဗဟိုဘဏ်မှ ဖွင့်ဈေး အမေရိကန် တစ်ဒေါ်လာကို ကျပ် ၁,၂၉၉ ကျပ် ရှိခဲ့ပြီး၊ ညနေ ၄ နာရီ် ပြင်ပ ဈေးကွက်တွင် အမေရိကန် တစ်ဒေါ်လာကို ကျပ် ၁,၃၀၂ ကျပ် နှင့် အရောင်း အဝယ် ဖြစ်နေကြောင်း ဒေါ်လာ ဈေးကွက်ကို စောင့်ကြည့် လေ့လာသူ ဦးစန်းဝင်းက ဆင်ဟွာကို ယနေ့ ပြောသည်။

ဦးစန်းဝင်းက “ ဗဟိုဘဏ်ကလည်း ဖွင့်ဈေးက နေ့တိုင်းမြင့်လာတယ်။ ၁,၂၈၀ လောက်ကနေ ဆက်တိုက် မြင့်တာ ဒီနေ့ ဆိုရင် မနက်က အမေရိကန် တစ်ဒေါ်လာ ၁,၂၉၄ နဲ့ ဖွင့်ခဲ့ပြီး အခု ညနေ ဘက်မှာ အမေရိကန် တစ်ဒေါ်လာကို ၁,၂၉၉ နဲ့ ဗဟိုဘဏ် ကဈေးပိတ်တယ်’’ ဟု ပြောသည်။
အမေရိကန် တစ်ဒေါ်လာကို ကျပ် ၁,၂၇၅ မှ ယနေ့ ၁,၃၀၂ ကျပ် အထိ တစ်လ အတွင်း တအိအိ တက်လာခဲ့ခြင်း ဖြစ်သည်။

အမေရိကန် ဒေါ်လာ ဈေးမြင့် တက်ရသည့် အကြောင်းတွင် ကမ္ဘာ့ ရွှေဈေး ကျဆင်းရခြင်းကလည်း အချက်တစ်ချက် အဖြစ် ပါဝင်ကြောင်း ၎င်းက ဆိုသည်။

၂၉ လမ်း အောက်ဘလောက်ရှိ ကောင်းစံ ရွှေဆိုင်ရှင် ဦးမျိုးကျော်ကျော်က “ အမေရိကန်နိုင်ငံက အတိုးနှုန်း တိုးမယ် ဆိုတာကြောင့် ကမ္ဘာ့ရွှေဈေးက ဆက်တိုက်ကျတယ်။ တစ်အောင်စကို ၁,၁၇၃ ဒေါ်လာ ကနေ တစ်အောင်စကို ၁,၀၇၁ ဒေါ်အထိ တစ်လ အတွင်း တအိအိ ကျလာတယ်။ ကမ္ဘာမှာလည်း ရွှေဈေးကျလို့ ဒေါ်လာဈေးက မြင့်လာတယ်’’ ဟုပြောသည်။

အမေရိကန် နိုင်ငံမှ အတိုးနှုန်းမြင့်တက်မည်ဟု ကြေညာလိုက်လျှင် ကမ္ဘာ့ရွှေဈေးက ယခုထက် ပိုကျနိုင်ပြီး ဒေါ်လာဈေးက ဆက်လက် မြင့်တက် နိုင်ကြောင်း စီးပွားရေး ပညာရှင်တစ်ဦးက သုံးသပ်သည်။

နိုဝင်ဘာလ ၂၃ ရက် ညနေ ၄ နာရီတွင် ကမ္ဘာ့ ရွှေဈေးက တစ်အောင်စကို ၁,၀၇၁၊ မြန်မာ့ ရွှေဈေး တစ်ကျပ်သားကို ကျပ် ၇၄၉,၀၀၀ ၊ တစ်ဒေါ်လာကို ၁,၃၀၂ ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်။ (Xinhua)