Connect with us

Local

နိုင်ငံ တစ်ဝန်းလုံးကို လွှမ်းခြုံနိုင်မည့် အမြန်လမ်းများ တည်ဆောက်ရန် ဒေါင်လိုက် ၅ လမ်း၊ အလျားလိုက် ၇ လမ်းလျာထား

ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ မီဒီယာများနှင့် တွေ့ဆုံပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ-ဆောက်လုပ်ရေးဝန်ကြီးဌာန)

ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ တစ်ဝန်းလုံးကို လွှမ်းခြုံနိုင်မည့် အမြန်လမ်းများ တည်ဆောက်ရန် ဒေါင်လိုက် ၅ လမ်း၊ အလျားလိုက် ၇ လမ်း ရည်ရွယ် မျှော်မှန်းထားပါကြောင်း၊ မန္တလေး – မြစ်ကြီးနား အမြန်လမ်း ဆိုသည်မှာလည်း အဆိုပါ လမ်းများထဲမှ တစ်လမ်း အပါအဝင် ဖြစ်ပါကြောင်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်တွင် ပြီးစီးမည့် တံတားအစင်း ၁၁၀ ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ယနေ့ သတင်း ထုတ်ပြန်သည်။

နိုင်ငံတကာ ချေးငွေများ အဖြစ် လမ်းတံတား တည်ဆောက်ရေး လုပ်ငန်းများတွင် အတိုးနှုန်း ဝ.၀၁ ရာခိုင်နှုန်းဖြင့် အမေရိကန် ဒေါ်လာ ၂၀၈ သန်းနှင့် ညီမျှသည့် ငွေကြေးအား ချေးယူထားကြောင်း၊ ဒလတံတား တည်ဆောက်ရေး စီမံကိန်း အတွက် ကိုရီးယား နိုင်ငံမှ အမေရိကန် ဒေါ်လာ ၁၃၈ သန်း အား အတိုးနှုန်း ဝ.၀၁ ရာခိုင်နှုန်းဖြင့် နှစ် ၄၀ ချေးပေးထား ပါကြောင်း၊ ADB (Asia Development Bank) မှ အမေရိကန် ဒေါ်လာ ၈၀ သန်းအား မအူပင် – ကျိုက်လတ် – ဖျာပုံလမ်း အဆင့် မြှင့်တင်နိုင်ရေး အတွက် ချေးငွေ ရယူ ထားပါကြောင်း၊ အိန္ဒု – ကော့ကရိတ် လမ်း အဆင့် မြှင့်တင်နိုင်ရေး အတွက်လည်း အမေရိကန် ဒေါ်လာ ၁၂၀ သန်း ချေးငွေ ရယူရန် စီစဉ် ဆောင်ရွက်လျက် ရှိပါကြောင်း သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117