Connect with us

Local

ရှေးဟောင်းနယ်မြေ မဟုတ်သည့် နေရာများတွင် ဟိုတယ်အသစ် ဖွင့်လှစ်နိုင်

ပုဂံ ရှေးဟောင်းနယ်မြေသို့ လာရောက်ကြသော ကမ္ဘာလှည့်ခရီးသွားများကို တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

တောင်ကြီး၊ အင်းလေး၊ မန္တလေးနှင့် ပုဂံဒေသများရှိ ရှေးဟောင်းနယ်မြေမဟုတ်သည့် နေရာများတွင် ဟိုတယ်များ အသစ်ဖွင့်လှစ်မှုကို ပိတ်ပင်ထားခြင်း မရှိကြောင်း ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ သည်။

“ရှေးဟောင်းနယ်မြေမဟုတ်သည့် နေရာများတွင် လျှောက်ထားလာသော ဟိုတယ်နှင့် တည်းခိုရိပ်သာ ဆောက်လုပ်ရန် ကြိုတင်ခွင့်ပြုမိန့်နှင့် လုပ်ငန်းလိုင်စင်များကို လုပ်ထုံးလုပ်နည်းများနှင့် အညီ စိစစ်ပြီး ဝန်ကြီးဌာန၏ စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးတိုင်းတွင် ထည့်သွင်း ဆွေးနွေးပြီး ခွင့်ပြုပေးလျက် ရှိကြောင်းနှင့် ဟိုတယ် အသစ်များ ဖွင့်လှစ်မှုကို ပိတ်ပင်ထားခြင်း မရှိပါကြောင်း ပြန်လည် ရှင်းလင်း ဖြေကြားအပ်ပါတယ်”ဟု ၎င်းက ပြောခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦး၏ ဟိုတယ်အသစ်များ တည်ဆောက်ခွင့် ဆိုင်ရာ မေးခွန်းကို ဖြေကြားရာတွင် ၎င်းက ပြောကြားခဲ့သည်။ ပြန်ကြားရေးဝန်ကြီးဌာန၏ Webportal ရှိ သတင်းတစ်ပုဒ်၌ တောင်ကြီး၊ အင်းလေး၊ မန္တလေးနှင့် ပုဂံဒေသများရှိ ရှေးဟောင်းနယ်မြေမဟုတ်သည့် နေရာများတွင် ဟိုတယ်များ အသစ်ဖွင့်လှစ်ခွင့် မရှိဟု ပါရှိခဲ့သည်ကို ဦးဘိုဘိုဦးက ရည်ညွှန်း ဖော်ပြပြီး အသစ်ဖွင့်ခွင့် အမှန် တကယ် ရှိ မရှိ သိလိုကြောင်း မေးခဲ့ခြင်း ဖြစ်သည်။

“လွှတ်တော် ကိုယ်စားလှယ်ကြီး မေးထားသော မြို့များအနက် ယခု အစိုးရသစ် လက်ထက် ၂၀၁၆ ဧပြီလ ၁ ရက်နေ့မှ ၂၀၁၇ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ လုပ်ငန်း လိုင်စင် တင်ပြလာသဖြင့် ဟိုတယ် အသစ် ၂၄ လုံး၊ တည်းခိုရိပ်သာ ၁၄ လုံး၊ စုစုပေါင်း ၁,၂၇၁ ခန်းတို့ကို ခွင့်ပြုပေးပြီး ဖြစ်ပါတယ်” ဟုလည်း ပြည်ထောင်စုဝန်ကြီးက ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ဟိုတယ်ပေါင်း ၁,၄၃၂ လုံး (အခန်း စုစုပေါင်း ၅၃,၇၈၃ ခန်း) ရှပြီး ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုမှာ ၂၀၁၅ ခုနှစ်တွင် ၄ ဒသမ ၇ သန်းခန့်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.