Connect with us

Local

လွယ်ဂျယ်နှင့် ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေး စခန်းတို့မှ ကုန်သွယ်မှုမြင့်မား လာ

လွယ်ဂျယ်မြို့သို့ ကုန်ကားများဝင်ရောက်လာစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

မူဆယ် ၁ဝ၅ မိုင် နယ်စပ်ကုန်သွယ်ရေး စခန်းမှ ကုန်သွယ်မှု လျော့ကျလာသော်လည်း လွယ်ဂျယ်နှင့် ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေး စခန်းတို့မှ ကုန်သွယ်မှုမြင့်မား လာကာ အမေရိကန် ဒေါ်လာ သန်း ၂၈ဝ နီးပါးအထိ ရှိလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း မြန်မာ တစ်နိုင်ငံလုံးရှိ နယ်စပ်ကုန်သွယ်မှု သည် ဇန်နဝါရီလကုန် အထိ စာရင်းများအရ ပြီးခဲ့သည့် ဘဏ္ဍာနှစ် အလားတူ ကာလထက် ကုန်သွယ်မှုတိုးတက် လာခဲ့ပြီး အမေရိကန် ဒေါ်လာ သန်း ၁၅ဝ ကျော်အထိ ပိုမိုကုန်သွယ် နိုင်ခဲ့ကြောင်း သိရသည်။

နယ်စပ် ကုန်သွယ်မှုတွင် မြန်မာ- တရုတ် ကုန်သွယ်မှုမှာ ၇ဝ ရာခိုင်နှုန်းကျော် ရှိနေပြီး ထိုင်းနိုင်ငံနှင့် အဓိက ကုန်သွယ်မှု ပြုလုပ်ရာ မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်း ၌ ပြီးခဲ့သည့်နှစ် အလားတူ ကာလထက် အမေရိကန်

ဒေါ်လာ ၁၄၅ သန်းကျော် ပိုမိုကုန်သွယ် နိုင်ခဲ့ပြီး တခြားသော နယ်စပ်ကုန်သွယ်ရေး စခန်းတို့မှလည်း ကုန်သွယ်မှု အခြေအနေ တိုးတက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံ များနှင့် နယ်စပ် ကုန်သွယ်ရေး စခန်းများ ဖွင့်လှစ်၍ ကုန်သွယ်လျက် ရှိရာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်နှင့်ထိုင်း စသည့်နိုင်ငံ များနှင့်လည်း ကုန်သွယ်လျက် ရှိပြီး နယ်စပ် ကုန်သွယ်ရေး စခန်းပေါင်း ၁၆ ခုဖွင့်လှစ်ကာ နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အလားတူ ကာလက အမေရိကန် ဒေါ်လာ ၅၈၂၂ .၃၇၂ သန်း ရရှိခဲ့သော်လည်း ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅၉၇၃.၈ဝ၄ သန်း ရရှိ ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.