Connect with us

Local

နိုင်ငံတော် ဘဏ်များမှ အရှုံးပေါ်နေမှုများ လျှော့ချနိုင်ရန် ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယ ဝန်ကြီး ဦးဆက်အောင် မီဒီယာများနှင့်တွေ့ဆုံစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏ မူဝါဒအရ အတိုးနှုန်း သက်သာစွာဖြင့် အချို့သော ချေးငွေများကို ထုတ်ချေးရခြင်း တို့ကြောင့် အရံှှုးပေါ်ရခြင်း ဖြစ်ပါကြောင်း၊ ယခုအခါ နိုင်ငံပိုင် ဘဏ်များအနေဖြင့် ဝင်ငွေ တိုးတက် ရရှိစေရန်နှင့် အသုံးစရိတ်များ ကာမိစေရန် အတွက် Treasury Bill Auction နှင့် Deposit Auction တို့တွင် ပါဝင် ဆောင်ရွက် စေခြင်း၊ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ခြင်း၊ အရည်အသွေး ပြည့်မီသော ချေးငွေများကို ထုတ်ချေး နိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယ ဝန်ကြီး ဦးဆက်အောင်ထံမှ သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် ငွေကြေး ဖောင်းပွမှု ဖြစ်နေချိန်တွင် တင်းကြပ်သော ငွေကြေး မူဝါဒ ဟုခေါ်ဆိုသည့် Contractionary Monetary Policy ကို ကျင့်သုံးလျက် ရှိပါကြောင်း၊ ထို့ကြောင့် Deposit Auctionနှင့် အဆိုပါ စနစ်အတွင်းရှိ ငွေကြေး Liquidity ကို ဆက်စပ် လုပ် လုပ်ယူ ရပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာ တွင်လည်း Deposit Auction သည် နည်းလမ်း တစ်ခု ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က Deposit Auction ကို ဆောင်ရွက်လျက် ရှိချိန်တွင် နိုင်ငံပိုင် ဘဏ်များဖြစ်အနေဖြင့် Deposit Auction ငွေကြေး အမြောက်အမြားကို အသုံးပြုပြီး အောက်ဈေးသုံး၍ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်ကို တွေ့ကြုံခဲ့ရမည် ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် မြန်မာ့ စီးပွားရေး ဘဏ်ကို Non-Competitive Bidder အနေဖြင့် ထားရှိပြီး နောက်ပိုင်း Deposit Auction သည် ပိုမို အောင်မြင်လာသည်ကို တွေ့ရှိရပါကြောင်း၊ Liquidity အပိုင်းတွင်လည်း ပုဂ္ဂလိကနှင့် နိုင်ငံတော်ပိုင် ဘဏ်များရှိ ငွေကြေးများ ကိုလည်း Liquidity ဆောင်ရွက် နိုင်မှသာ Deposit Auction ကို အောင်မြင်စွာ လုပ်နိုင်မည် ဖြစ်ပြီး Military Policy ကို အကောင် အထည်ဖော် နိုင်မှာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် တင်းကြပ်သော ငွေကြေး Policy ကို အကောင်အထည် ဖော်ဆောင်နိုင်ရန် မြန်မာ့ စီးပွားရေး ဘဏ်ကို Non-Competitive Bidder အဖြစ်အနေဖြင့် ထားရှိပြီး Deposit Auction ကိုလည်း ပမာဏ နှစ်ဆတိုး ဆောင်ရွက်လျက် ရှိပါကြောင်း ဦးဆက်အောင်က ဆိုသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117