Connect with us

Local

သီလဝါကုမ္ပဏီ၏ အစုရှယ်ယာမှတ်ပုံတင်စာရင်းနှင့် စတော့အိတ်ချိန်း အစုရှယ်ယာရောင်းဝယ်ခွင့်ကို ယာယီရပ်ဆိုင်းထားမည်ဟု ကြေညာ

သီလ၀ါကုမ္ပဏီ၏ အစုရှယ်ယာမှတ်ပုံတင်စာရင်းနှင့် စတော့အိတ်ချိန်း အစုရှယ်ယာရောင်းဝယ်ခွင့်ကို ယာယီရပ်ဆိုင်းထားသော ကြေညာချက်(ဓာတ်ပုံ-သီလ၀ါ)

ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

မြန်မာသီလဝါ SEZ Holdings Public လီမိတက်၏ အစုရှယ်ယာ မှတ်ပုံတင်စာရင်းနှင့် ရန်ကုန်စတော့အိတ် ချိန်း၌ကုမ္ပဏီ၏ အစုရှယ်ယာရောင်းဝယ်မှုများအား ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါ အစုရှယ်ယာမှတ်ပုံတင်စာရင်း၏ အထူးစာရင်းရှိ အစုရှယ်ယာလွှဲပြောင်းခြင်းအား အောက်တိုဘာ ၃၁ရက်မှ နိုဝင်ဘာ ၃ရက်နေ့ထိ ခေတ္တပိတ်ထားမည်ဖြစ်ပြီး ကုမ္ပဏီ၏ အစုရှယ်ယာများကို ရန်ကုန်စတော့အိတ် ချိန်းတွင် အရောင်းအဝယ်ပြုခြင်း၊ အရောင်အဝယ်မဟုတ်ဘဲ လွှဲပြောင်းခြင်းများကိုလည်း ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း၊ ရန်ကုန်စတော့အိတ်ချိန်းတွင် ကုမ္ပဏီ၏အစုရှယ်ယာ ရောင်းဝယ်မှုများကို ရှယ်ယာခွဲခြမ်းပြီးသော အခြေအနေဖြင့် နိုဝင်ဘာ ၄ရက်နေ့မှစ၍ ပြန်လည်စတင်မည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်း အစုရှယ်ယာခွဲခြမ်းပြီးနောက် ကုမ္ပဏီ၏ ထုတ်ဝေပြီးသော အစုရှယ်ယာစုစုပေါင်း ၃၈၉၂၉၁၅စုမှ ၃၈၉၂၉၁၅၀စု သို့လည်းကောင်း၊ အစုရှယ်ယာတစ်စုချင်းစီ၏ မူရင်းသတ်မှတ်တန်ဖိုးသည် ကျပ် တစ်သောင်းမှ ကျပ် တစ်ထောင်သို့လည်းကောင်း ပြောင်းလဲသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117