Connect with us

Local

ပြည်တွင်း/ပြည်ပများတွင် စက်တင်ဘာလအတွင်း လုပ်သား သုံးသောင်းကျော် ခန့်ထားနိုင်ခဲ့ဟုဆို

ပြည်တွင်း/ပြည်ပများတွင် စက်တင်ဘာလအတွင်း လုပ်သား ခန့်အပ်မှုပြဇယား(ဓာတ်ပုံ-MOI)

ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

ပြည်တွင်း/ပြည်ပများတွင် အလုပ်လုပ်ကိုင်ရန်အတွက် စက်တင်ဘာလအတွင်း လုပ်သား သုံးသောင်းကျော် ခန့်ထားနိုင်ခဲ့ကြောင်း အလုပ်သမားရှာဖွေ ရေးရုံးထံမှ သိရသည်။

အလုပ်သမားရှာဖွေ ရေးရုံးများတွင်Labour Exchange Management System ဖြင့် အွန်လိုင်းမှ ဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင် လျက်ရှိရာ ၂ဝ၁၆ ခုနှစ် စက်တင်ဘာလအတွင်း ပြည်ပသို့ တရားဝင် လုပ်သား၁၄ဝဝဝ ကျော်သွားရောက်လုပ်ကိုင်နိုင်ပြီး ပြည်တွင်းအလုပ်နေရာ ၁၈ဝဝဝ ကျော်အတွက် လုပ်သားများ ခန့်ထားနိုင်ခဲ့ကြောင်း

၂ဝ၁၆ ခုနှစ် စက်တင်ဘာလအတွင်း နိုင်ငံအလိုက် ပြည်ပအလုပ်အကိုင်ရရှိမှု အခြေအနေများမှာ မလေးရှားနိုင်ငံ ၂၅၈၄ ဦး၊ စင်ကာပူနိုင်ငံ ၁၇ ဦး၊ ကိုရီးယားနိုင်ငံ ၆၆၉ ဦး၊ ထိုင်းနိုင်ငံ ၁ဝ ၄၉၃ ဦး၊ ဂျပန်နိုင်ငံ ၁၈၆ ဦး၊ ယူအေအီး ခြောက်ဦး၊ ကာတာနိုင်ငံ ၆၂ ဦး စုစုပေါင်း ၁၄ဝ၁၇ ဦး ဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွင်း ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေးဆောင်ရွက်နေပြီး သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိစေရေးနှင့် အလုပ်ရှင်များ အတွက်လည်း အလုပ်သမား လုံလောက်စွာ ခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေ ရေးရုံးများတွင်Labour Exchange Management System ဖြင့် အွန်လိုင်းမှ ဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင် လျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.