Connect with us

Local

သြဂုတ်လတွင် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၅၄၃.ဝ၁ သန်းဖြစ်ပေါ်

နယ်စပ်ဂိတ်တစ်ခု မှ ကုန်ပစ္စည်းသယ်ဆောင်ထားသည့် ကားများဝင်ရောက်လာမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် သြဂုတ်လအတွက် စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၅ဝဝ.၈၅ သန်းဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၅၄၃.ဝ၁ သန်းဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်း အဖွဲ့မှ လစဉ်တင်ပြသော ပို့ကုန်၊ သွင်းကုန် အခြေအနေ အစီရင်ခံစာအရ သိရှိရ သည်

သြဂုတ်လအတွက် မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ၇၆ဝ.၅၄ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂၁၈.၃၈ သန်းနှင့် စုစုပေါင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉၇၈. ၉၂ သန်းရှိကြောင်း၊ ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၂၇၉.၂၃ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၄၂.၇ဝ သန်းနှင့် စုစုပေါင်းသွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅၂၁.၉၃ သန်းရှိကြောင်း၊ ထို့ကြောင့် ကုန်သွယ်မှု လိုငွေမှာ ၅၄၃.၁သန်းဖြစ်ပေါ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဧပြီလမှ သြဂုတ်လအတွင်း စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ ၁၃ဝ၆၃. ၇၂ သန်းဖြစ်ပြီး ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၂၁၄ဝ. ၈၈ သန်း ဖြစ်ပေါ်ခဲ့ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.