Connect with us

Local

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် အသစ်စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများ စတင်ခြင်း မရှိသေး

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်အသစ် စီမံကိန်း ပုံစံ (ဓာတ်ပုံ- လေကြောင်းပို့ ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန Facebook)

ရန်ကုန် ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်အသစ် စီမံကိန်း အကောင်အထည် ဖော်နိုင်ရေးအတွက် ပို့ဆောင်ရေး ဝန်ကြီး ဌာန ၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသည် တင်ဒါ အောင်မြင်သော JGC-Yongnam-CAI Consortium နှင့် မူဘောင် သဘောတူညီချက် ချုပ်ဆိုနိုင်ရေး ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်လျှက် ရှိပြီး လက်ရှိ အချိန်တွင် JICA မှ စီမံကိန်း ပြုလုပ်ရန် လေ့လာဆဲ အဆင့် ဆောင်ရွက်လျက် ရှိနေကြောင်း သိရသည်။

လေဆိပ်အသစ် စီမံကိန်း တည်ဆောက်ရေး အတွက် လုပ်ငန်းများ စတင်ခြင်း မရှိသေးဘဲ ပို့ဆောင်ရေး ဝန်ကြီးဌာန အနေဖြင့် လည်းကောင်း ၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် လည်းကောင်း တင်ဒါခေါ်ယူခြင်းနှင့် တည်ဆောက်ရေး ပစ္စည်းများနှင့် ပတ်သက်၍ အခြားမည်သည့် အဖွဲ့အစည်းကိုမျှ တာဝန် ပေးအပ်ထားခြင်း မရှိကြောင်း သိရသည်။

ယခုအခါ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်းအတွက် တည်ဆောက်ရေး ပစ္စည်းဖြစ်သည့် ကျောက်များအား ပေးသွင်းနေကြောင်း သတင်းများ ကြားသိရသည့်အတွက် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသည် တည်ဆောက်ရေး လုပ်ငန်းနှင့် ပတ်သက်၍ ကောလဟလ သတင်း အမှားများ ကြောင့် ပြည်သူ လူထုနှင့် လုပ်ငန်းရှင်များ ဆုံးရှုံးနစ်နာမှု မရှိစေရေးအတွက် လက်ရှိ အခြေအနေမှန်အပေါ် သိရှိစေရန်နှင့် စီမံကိန်း စတင် ဆောင်ရွက်ချိန်တွင် အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်သွားမည်ဟု အသိပေး ကြေညာ ထားသည်။ (Xinhua)