Connect with us

Local

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်း တည်ဆောက်ရေးအတွက် မူဘောင် သဘောတူညီချက် လက်မှတ်ရေးထိုး

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်း တည်ဆောက်ရေးအတွက် ပို့ ဆောင်ရေး ဝန်ကြီးဌာန ၊ လေကြောင်း ပို့ ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန နှင့် HIA Myanmar ကုမ္ပဏီတို့ အကြား မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်း တည်ဆောက်ရေးအတွက် ပို့ဆောင်ရေး ဝန်ကြီးဌာန ၊ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန နှင့် စီမံကိန်း တင်ဒါအောင်မြင်သည့် ကုမ္ပဏီများ ပါဝင်သည့် HIA Myanmar ကုမ္ပဏီတို့အကြား မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းကို ယနေ့ဇန်နဝါရီ ၃၀ ရက်တွင် ရန်ကုန်မြို ့ရှိ ချက်ထရီယမ် ဟိုတယ်၌ ပြုလုပ်ခဲ့သည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်းအား JGC – Yongnam – CAI (Changi Airports International) Consortium မှ ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် တင်ဒါအောင်မြင်ခဲ့ပြီးနောက် ယခု အခါ လေဆိပ် စီမံကိန်း တည်ဆောက်ရေးအတွက် JGC – Yongnam – CAI Consortium မှ HIA Myanmar ကုမ္ပဏီအနေဖြင့် လေကြောင်းပို့ ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန မူဘောင် သဘောတူညီချက် လက်မှတ်အား ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်း တည်ဆောက်ရေးအတွက် ပို့ဆောင်ရေး ဝန်ကြီးဌာန ၊ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန နှင့် HIA Myanmar ကုမ္ပဏီတို့အကြား မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးပွဲမြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ရေး စီမံကိန်းအား ၂၀၁၇ ခုနှစ်မှ စတင် အကောင် အထည် ဖော်ဆောင်ရွက်မည် ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ပြီး စီမံကိန်း ရင်းနှီးမြုပ်နှံမှုမှာ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁.၅ ဘီလီယံ ကုန်ကျမည်ဟု မှန်းထားကြောင်း သိရသည်။

စီမံကိန်းကုန်ကျငွေ တစ်စိတ်တစ်ပိုင်း အား ဂျပန်အစိုးရ ၏ တရားဝင်ဖွံ့ဖြိုးတိုးတက်မှုအထောက်အပံ့ (ODA ) ချေးငွေ ဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး မူဘောင်သဘောတူညီချက် အပေါ် မူတည်၍ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန နှင့် စီမံကိန်းတွင် ပါဝင်သော ကုမ္ပဏီများ သည် ညှိနှိုင်းဆွေးနွေးမှုများအား ထပ်မံ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းတွင် ပါဝင်သည့် ကုမ္ပဏီများထဲ ၌ JGC သည် စီမံကိန်း အကျိုးအမြတ် အများဆုံး ၅၅ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး Yongnam နှင့် Changi Airports International တို့ က၂၅ ရာခိုင်နှုန်း နှင့် ၂၀ရာခိုင်နှုန်း အသီးသီး ပိုင်ဆိုင်ထားကြောင်း သိရသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်အား မြန်မာနိုင်ငံ၏ အဓိက လေကြောင်း ဝင်ပေါက်နှင့် ဒေသတွင်း အချက်အချာလေဆိပ် ဖြစ်ရန် ရည်ရွယ်၍ ကနဦး အနေဖြင့် တစ်နှစ်လျှင် ခရီးသည် ၁၂ သန်း နှင့် ကုန်တန်ချိန် တစ်သိန်း လက်ခံ ဆောင်ရွက်နိုင်မည် ဖြစ်ပြီး ဒုတိယ အဆင့်တွင် ခရီးသည် ၃၀ သန်း လက်ခံ ဆောင်ရွက်သွားရန် စီစဉ်ထားရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117