Connect with us

Science & Technology

မင်္ဂလာဒုံ လေဆိပ်နှင့် ဟံသာဝတီ လေဆိပ်သို့ မြို့တွင်းမှ တိုက်ရိုက် သွားရောက်နိုင်မည့် မိုးပျံ ရထားလမ်းကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် စတင် တည်ဆောက်သွားမည်

မိုးပျံရထားတစ်စီး အားမြင်တွေ့ရစဉ် (ဓာတ်ပုံ- မြဝတီ)

ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှုများကို ဖြေလျှော့နိုင်စေရန် မင်္ဂလာဒုံ လေဆိပ်နှင့် ဟံသာဝတီ လေဆိပ် သို့ မြို့တွင်းမှ တိုက်ရိုက် သွားရောက်နိုင်မည့် မိုးပံျ ရထားလမ်းအား ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် စတင် တည်ဆောက် သွားမည် ဖြစ်ကြောင်း မြန်မာ့ မီးရထား (မြို့ပြဌာန) မှ သိရသည်။

အဆိုပါ မိုးပံျရထားလမ်း တည်ဆောက်ရာတွင် ပထမဦးစွာ မိုးပျံတံတား တည်ဆောက်သွားမည် ဖြစ်ပြီး အမြင့်ပေ ၂ဝ ခန့်တွင် ရှိသော ယင်းတံတား ၏ အလယ်တွင် သံလမ်းခင်း၍ ဆောင်ရွက်မည် ဖြစ်သည်။ အဆိုပါ မိုးပျံရထား ခရီးစဉ်တွင် ရပ်နားမည့် ဘူတာများကိုလည်း ထည့်သွင်း တည်ဆောက်သွားမည် ဖြစ်သည်။ အဆိုပါ မိုးပျံ ရထားလမ်း စီမံကိန်း ဒီဇိုင်းပုံစံကို နိုင်ငံတကာ ပုံစံအတိုင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

”ရန်ကုန်က ခရီးသွား ပြည်သူတွေ သွားလာရေး လွယ်ကူ လျင်မြန်စေဖို့ လျှပ်စစ်ရထားကို ကမ်းနားလမ်းမှာ စပြီး ဆောင်ရွက် နေပါတယ်။ နောက်ပြီး JICA ကလည်း မြေအောက် ရထားလမ်းတွေ လုပ်ဖို့ အဆိုပြု ထားတယ်လို့ သိရပါတယ်။ အခုလည်း ယာဉ်ကြော ပိတ်ဆို့မှုတွေကြောင့် ခရီးသွား ပြည်သူတွေ သွားလာရေး အဆင်မပြေ ဖြစ်နေတဲ့ အတွက် မြို့ပြ ရထားလမ်း စီမံကိန်းကို အကောင်အထည် ဖော်ဖို့ စီစဉ်တာပါ” ဟု မြန်မာ့ မီးရထားမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်းမှ အပြည်ပြည်ဆိုင်ရာ လေဆိပ်များသို့ တိုက်ရိုက် သွားရောက်နိုင်မည့် မိုးပံျ ရထားလမ်းအား နှစ်ရှည် စီမံကိန်းအဖြစ် ဆောက်လုပ်သွားမည် ဖြစ်ပြီး အဆိုပါ ရထားလမ်း ပြီးစီးပါက အဆင့်မြင့် ရထား တွဲဆိုင်းများဖြင့် ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) သည် ရန်ကုန်မြို့၏ မြို့ပတ် ရထားစနစ်ကို အဆင့် မြှင့်တင်နိုင်ရန် အမေရိကန် ဒေါ်လာ သန်း ၂၅ဝ ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး ၂ဝ၁၆ ခုနှစ်တွင် လုပ်ငန်း စတင်မည် ဖြစ်ကာ စီမံကိန်း တစ်ခုလုံးကို ၂ဝ၂ဝ ပြည့်နှစ်တွင် အပြီး ဆောင်ရွက်ရန် ရည်မှန်း ထားသည်။ အဲယားကွန်း ပါရှိသည့် ရထားများကို ပျမ်းမျှ မြန်နှုန်း တစ်နာရီလျှင် ၃ဝ ကီလိုမီတာ (၁၉ မိုင်) ဖြင့် ၁ဝ မိနစ် တစ်ကြိမ် ပြေးဆွဲနိုင်ရန် ရည်မှန်း ထားကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117