Connect with us

Local

အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ တိုးတက်ရေး အင်တိုက်အား တိုက်ဆောင် ရွက်ကြရန် နိုင်ငံတော် သမ္မတ တိုက်တွန်း

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ(၁/၂၀၁၇) အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-Myanmar President Office)

ရန်ကုန် ၊ မတ် ၁ ရက် (ဆင်ဟွာ)

စီးပွားရေးတိုး တက်မှုတွင် အဓိကပါဝင်သည့် အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများတိုးတက်ရေးအင်တိုက်အား တိုက်ဆောင် ရွက်ကြရန် နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ယနေ့ မတ် ၁ ရက်တွင် ပြုလုပ်သော အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ(၁/၂၀၁၇) အစည်းအဝေးတွင် တိုက်တွန်းပြောကြားသည်။

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က SME လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်စေရေးအတွက် Policy များ၊ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ် ပြုစုပြဌာန်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အကောင်အထည် ဖော်ရာတွင်လည်း နိုင်ငံတော်အဆင့်၊ ပြည်နယ်/ တိုင်းဒေသကြီးအဆင့်နှင့် ဒေသ အဆင့်တို့တွင် လိုအပ်သည့်ကျောရိုးမူဘောင်များကို ခိုင်မာစွာတည်ထောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အတူ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထားရမည့် Factor (၄) ခုဖြစ်သည့်လုပ်ငန်းသစ်များ အစပျိုးရာတွင် တွေ့ကြုံရမည့် အခက်အခဲ အတားအဆီးများလျှော့ချရေး၊ ရင်းနှီးမတည်ငွေစီးဆင်းမှု၊ ပညာပေးခြင်းနှင့်စွန့်ဦးတီထွင်မှုလုပ်ငန်းများကို အားကောင်းစေခြင်း၊ သတင်းကွန်ရက် ချိတ်ဆက်ခြင်းနှင့် ကျယ်ကျယ်ပြန့်ပြန့် သတင်းဖြန့်ချိမှု အားကောင်းစေခြင်းဖြင့် International Supply Chain ထဲ ဝင်ရောက်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ထည့်သွင်း ပြောကြားခဲ့သည်။

အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးဗဟိုကော်မတီတွဲဖက်ဥက္ကဋ္ဌနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ထူထောင်ရာတွင် အာဆီယံမှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း တန်ဖိုးထား စံနှုန်းဘောင်တွေထဲမှ လုပ်ရန် လိုသကဲ့သို့ နိုင်ငံ၏ လိုအပ်ချက်ကိုကြည့်ပြီးတော့ လုပ်ရန် လိုကြောင်း ပြောကြားခဲ့သည်။

ထို့အတူ SME လုပ်ငန်းများသည် လယ်ယာ စိုက်ပျိုးရေးကဏ္ဍ နှင့် ဆက်နွယ်ရန်လိုကြောင်း ၊ ဈေးကွက်စီးပွားရေးစနစ်အတွင်း SMEလုပ်ငန်းများ အောင်မြင်အောင် အစိုးရမှ မည်ကဲ့သို့ ပံ့ပိုးမလဲဆိုသည်ကို ဗဟိုကော်မတီအနေဖြငိ့ဦးဆောင်ပြီးလုပ်ရမည် ဖြစ်ကြောင်းနိုင်ငံတော်၏်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ပြောကြားခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေရှိ SME Member အရေ အတွက်စုစုပေါင်း (၅၉,၆၉၄)ဦး ရှိကြောင်း သိရသည်။

ထို့အတူ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ပံ့ပိုးပေးရန် ၆ခု ရှိပါကြောင်း၊ ငွေကြေး၊ လျှပ်စစ်၊ လုပ်သာကိုင်သာရှိသော သင့်တော်သောအခွန်အကောက်၊ Credit Guarantee တို့ကို အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက အစည်းအဝေးတွင် ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117