Connect with us

Local

နှစ်လယ် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲတွင် ကျောက်မျက် အတွဲပေါင်း ၁၉၀ နှင့် ကျောက်စိမ်းအတွဲ ပေါင်း ၆၆၈၅ တွဲ တင်ပြ ရောင်းချ သွားမည်

ရန်ကုန် ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)

၂၀၁၇ ခုနှစ်၊ နှစ်လယ် မြန်မာ့ ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်အတွဲပေါင်း ၁၉၀ တွဲကို အခြေခံ ဈေး ယူရို (၄ ဒသမ ၀၉၈) သန်းဖြင့်လည်းကောင်း၊ ကျောက်စိမ်းအတွဲ ပေါင်း ၆၆၈၅ တွဲကို အခြေခံဈေးယူရို (၁၆၃ ဒသမ ၅၈၀) သန်းဖြင့် လည်းကောင်း တင်ပြ ရောင်းချသွားမည် ဖြစ်ကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းမှ သိရသည်။

ထိုပြပွဲတွင် ကျောက်မျက် ၊ ကျောက်စိမ်း အတွဲများကို အခြေခံ ဈေးနှုန်း သတ်မှတ်၍ အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ကျောက်မျက် အတွက် ယူရို ၅၀၀ နှင့် အထက် ၊ ကျောက်စိမ်း အတွက် ယူရို ၄၀၀၀ နှင့် အထက် ၊ကျောက်စိမ်း အချောထည် အတွက် ယူရို ၁၀၀၀ နှင့် အထက် သတ်မှတ်ထားကြောင်း သိရသည်။

ရတနာပြပွဲတွင် မြန်မာနိုင်ငံမှ ထွက်ရှိသော ကျောက်စိမ်း ၊ ကျောက်မျက် အရိုင်းတုံးများ ၊ သွေးပြီး အချောထည် များ ၊ လက်ဝတ် ရတနာများ ၊ ရုပ်ထုရုပ်ထွင်းများ ၊ ကျောက်ကပ် ပန်းချီကားများကို နိုင်ငံခြားငွေ (ယူရို) ဖြင့် ရောင်းချမည် ဖြစ်ကြောင်း သိရသည်။၂ဝ၁၇ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော် မဏိ ရတနာကျောက်စိမ်း ခန်းမ၌ ဒီဇင်ဘာ ၁၂ ရက်မှ ၂၁ ရက်အထိ ၁၀ ရက်ကြာ ကျင်းပ သွားမည် ဖြစ်သည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117