Connect with us

Local

ရန်ကုန်စတော့အိပ်ချိန်း ၏ ပထမဆုံးအွန်လိုင်းပြပွဲဖြစ်သည့် YSX EXPO -2020 ပွဲ ကျင်းပမည်

၂၁၀၉ ခုနှစ် တွင် ရန်ကုန်စတော့ အိပ်ချိန်းတွင် ကျင်းပခဲ့သည့် YSX EXPO 2019 ကျင်းပခဲ့မှု အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

ရန်ကုန်စတော့အိပ်ချိန်း ၏ ပထမဆုံးအွန်လိုင်းပြပွဲ နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲများ ပါဝင်မည့် YSX EXPO -2020 ကို စက်တင်ဘာလ၁၂ ရက်မှ ၁၃ နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း ရန်ကုန်စတော့အိပ်ချိန်းမှ အမှုဆောင် အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးထံမှ သိရသည်။

“လက်ရှိမှာ COVID-19 ရောဂါဖြစ်နေလို့ Web Based Online Platform ကို အသုံးပြုပြီး Digital Exhibition ပုံစံနဲ့ကျင်းပပြုလုပ်မှာဖြစ်ပါတယ်’’ ဟု ၎င်းကရှင်းပြသည်။

ယင်း YSX EXPO 2020 (1st Online Exhibition and Live Seminar) Digital Platform မှ တဆင့် မြန်မာနိုင်ငံအနှံ့အပြားရှိ စတော့ရှယ်ယာရင်းနှီးမြှုပ်နှံသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ ပါဝင်လေ့လာနိုင်ရန်စီစဉ်ထားကြောင်း၊ ယခုကျင်းပသည့် YSX EXPO 2020  ပွဲတွင် အခန်းကဏ္ဍများစွာ ပါဝင်ပြသထား မည်ဖြစ်ကြောင်း ၊ Interview Talk များ ၊ Live ဆွေးနွေးပွဲများ ကိုလည်းလေ့လာနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် First Myanmar Investment Public Co.,Ltd.(FMI)၊Myanmar Thilawa SEZ Holdings Public Co., Ltd. (MTSH)၊Myanmar Citizens Bank Limited (MCB)၊First Private Bank Limited (FPB)၊TMH Telecom Public Co.,Ltd. (TMH) နှင့် Ever Flow River Group Public Co., Ltd. (EFR) ဟူ၍ ရန်ကုန်စတော့အိပ်ချိန်းစာရင်းဝင် ကုမ္ပဏီ ၆ ခုရှိကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲများအပြင် ရန်ကုန်စတော့အိပ်ချိန်း၏ ဒီဂျစ်တယ်ပြခန်းများ၊
စာရင်းဝင်ကုမ္ပဏီများ ၏ ဒီဂျစ်တယ်ပြခန်းများ၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ ၏ ဒီဂျစ်တယ်ပြခန်းများ အစရှိသော ပြခန်းငယ်များစွာ အားပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် YSX EXPO 2020 ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အွန်လိုင်းပြပွဲ တွင် စတော့ရှယ်ယာ အရောင်းအဝယ်ပြုလုပ်လိုသူများအတွက် သက်ဆိုင်ရာ ငွေချေးသက်သေခံလတ်မှတ် ကုမ္ပဏီများနှင့် ချိတ်ဆက်၍ အွန်လိုင်းမှ တဆင့် စတော့ရှယ်ယာ စာရင်းများကို အခမဲ့ဖွင့်လှစ်နိုင်ရန် စီစဉ်ထားကြောင်းသိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.