Connect with us

Local

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မေလကုန်အထိ  ပြည်ပနိုင်ငံများသို့ ရေထွက်ကုန်များ တင်ပို့မှု အမေရိကန်ဒေါ်လာ  သန်း ၆ဝဝ နီးပါး ရရှိ

ဗဟိုစံပြငါးဈေးကြီးရှိ ငါးဒိုင်တစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မေလကုန်အထိ  ပြည်ပနိုင်ငံများသို့ ရေထွက်ကုန်များ တင်ပို့မှု သည် အမေရိကန်ဒေါ်လာ  သန်း ၆ဝဝ နီးပါး ရရှိခဲ့ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်းကြိုင် က ဆင်ဟွာ သို့  သြဂုတ် ၁၂ ရက်တွင်ပြောသည်။ 

“အခုနောက်ပိုင်းမှာ  ငါး၊ ပုစွန် ရေထွက်ကုန်တွေ   တင်ပို့တဲ့အခါ    အရည်အသွေးပြည့်မီစေဖို့   နည်းပညာတွေ အသုံးပြုပြီး ထုပ်ပိုးမှု ပုံစံသစ်တွေနဲ့ ဆောင်ရွက်နေပါတယ်။’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။ 

ပြည်ပနိုင်ငံများသို့ ငါး၊ ပုစွန်တင်ပို့ရာတွင် ရန်ကုန်မြို့ရှိ ရွှေပိတောက်ငါးဈေး၊ ဗဟိုစံပြငါးဈေးကြီးနှင့် ငွေပင်လယ် စက်မှုဇုန်တို့မှတစ်ဆင့်   တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။ 

ပြည်ပနိုင်ငံများသို့ ရေထွက်ကုန်များ တင်ပို့မှု မှာ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်က အမေရိကန်ဒေါ်လာ ၆၉၉ သန်း၊ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်က အမေရိကန်ဒေါ်လာ   သန်း ၇၂၀ ရှိကြောင်း သိရသည်။

လက်ရှိတင်ပို့နေသည့် ငါး၊ ပုစွန်များသည် မွေးမြူရေး ထွက်ကုန်များဖြစ်ပြီး ပြည်ပနိုင်ငံများ၌ ငါး၊ ပုစွန်ထုတ်လုပ်မှု နည်းပါးခြင်းကြောင့်   အဝယ်မှာယူမှုမြင့်တက်နေခြင်း ဖြစ်ကြောင်း၊  မြန်မာနိုင်ငံ၌ ငါး၊  ပုစွန်၊ ကဏန်းမွေးမြူရေး ဧကပေါင်း ငါးသန်းခန့်ရှိပြီး အဆိုပါ မွေးမြူရေးကန်များမှ တစ်ဆင့် ပြည်ပသို့ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။ 

အဝယ်အော်ဒါများရှိသော်လည်း လက်ရှိတွင်COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလဖြစ်သောကြောင့် ပြည်ပနိုင်ငံများ၌ ကန့်သတ်ချက်များ ရှိနေသည့်အတွက် တင်ပို့မှု၌ အခက်အခဲအချို့ ရှိနေကြောင်း ၎င်းက ဆိုသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117