Connect with us

Local

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်  အောက်တိုဘာလမှ ဇွန်လအထိ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁,၇၆၂ ဒသမ ၇၁ သန်း ရှိ

ရန်ကုန်မြို့ရှိ ကုန်သေတ္တာ သိုလှောင်ရေး စခန်းတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်  အောက်တိုဘာလမှ ဇွန်လအထိ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၈,၀၂၀ ဒသမ ၆၃ သန်း ဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ ၁,၇၆၂ ဒသမ ၇၁ သန်း ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမင်းမင်းက ဆင်ဟွာသို့ သြဂုတ် ၂၂ ရက်တွင်ပြောသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလမှ ဇွန်လအထိ မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇,၈၆၆ ဒသမ ၄၈ သန်းနှင့် နယ်စပ် ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅,၂၆၂ ဒသမ ၄၈ သန်း စုစုပေါင်း ပို့ကုန်တန်ဖိုး မှာ အမေရိကန်ဒေါ်လာ ၁၃,၁၂၈ ဒသမ ၉၆ သန်း ရှိကြောင်း သိရသည်။

ထိုကာလ၏ ပုံမှန်သွင်းကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၂,၅၆၀ ဒသမ ၇၆ သန်းနှင့် နယ်စပ်သွင်းကုန်တန်ဖိုး မှာ အမေရိကန်ဒေါ်လာ ၂,၃၃၀ ဒသမ ၉၁ သန်း  စုစုပေါင်းသွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄,၈၉၁ ဒသမ ၆၇ သန်း ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ COVID-19 ရောဂါဖြစ်ပွားတဲ့ကာလဖြစ်တဲ့ အတွက် အိတ်စပို့ က နည်းသွားတယ်။ ဆေးဝါးတို့ လိုအပါအဝင် အရေးကြီးကုန်စည်တွေ ကိုတော့ ဒီကာလမှာ အလွယ်တကူ သွင်းလို့ရအောင်ဆောင်ရွက်ပေးထားတဲ့ အတွက် သွင်းကုန်ထက် ပို့ကုန်တန်ဖိုးက လျော့နည်းပြီး ကုန်သွယ်မှု လိုငွေပြခြင်းဖြစ်ပါတယ်’’ ဟုရှင်းပြသည်။ 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဇွန်လတွင်လည်း ကုန်သွယ်မှုလိုငွေပြခဲ့ကြောင်း သိရသည်။ ဇွန်လတွင် မြန်မာနိုင်ငံ၏  ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၅၀ ဒသမ ၇၄ သန်းနှင့် နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၃၇၀ ဒသမ ၅၉ သန်း စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၂၂၁ ဒသမ ၃၃ သန်း ရှိကြောင်း၊  ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁,၁၃၂ ဒသမ ၄၇ သန်းနှင့်  နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၇၅ ဒသမ ၁၅ သန်း  စုစုပေါင်းသွင်းကုန်တန်ဖိုးမှာ  အမေရိကန်ဒေါ်လာ ၁,၄၀၇ ဒသမ ၆၂ သန်း ရှိကြောင်း၊ ထို့ကြောင့် ဇွန်လတွင် စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၆၂၈ ဒသမ ၉၅ သန်း ဖြစ်ပြီး စုစုပေါင်းကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၁၈၆ ဒသမ ၂၉ သန်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။  (Xinhua)