Connect with us

Business

မြန်မာနိုင်ငံက ၉ လအတွင်း ပြည်ပနိုင်ငံများသို့ပြောင်းတန်ချိန် ၁.၇ သန်းနီးပါး တင်ပို့နိုင်ခဲ့

ပဲခူးတိုင်းဒေသကြီးရှိ ပြောင်းစိုက်ခင်း တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇွန် ၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၃ မေလအထိ ကိုးလတာကာလအတွင်း ပြောင်းတန်ချိန် ၁.၇ သန်းနီးပါး တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဖြိုးကိုကိုနိုင်က ဆင်ဟွာသို့ ယနေ့ ဇွန် ၃ ရက်တွင်ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ် စက်တင်ဘာတွင် ပြောင်းရာသီကို စတင်ရောက်ရှိကြောင်း သိရသည်။ ကိုးလတာကာလအတွင်း မြန်မာနိုင်ငံသည် ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၁ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တန်ချိန် ၆ သိန်းနီးပါးနှင့် တရုတ်နိုင်ငံသို့ တန်ချိန် ၅၀,၀၀၀ ခန့် တင်ပို့ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ဆီက ပြောင်းတွေကို ထိုင်းနိုင်ငံကို အများဆုံးတင်ပို့ရပါတယ်။ တရုတ်နိုင်ငံနဲ့ တခြားနိုင်ငံတွေကိုလည်း ပြောင်းတင်ပို့နေတာရှိပါတယ်” ဟု မြန်မာနိုင်ငံ ပဲမျိုးစုံ၊ပြောင်းနှင့်နှမ်းကုန်သည်များအသင်း (MPBMSMA)မှ အကြံပေး ဦးစိုးဝင်းမောင်က ဆင်ဟွာသို့ ပြောသည်။
မြန်မာနိုင်ငံသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ပြောင်းတန်ချိန် ၂ သန်းကျော် တင်ပို့ရန်လျာထားကြောင်း၊ မြန်မာနိုင်ငံ၌ ပြောင်းစိုက်ပျိုးမှု၏ ၇၀ ရာခိုင်နှုန်းကို မိုးပြောင်းအဖြစ်စိုက်ပျိုးကြပြီး ကျန် ၃၀ရာခိုင်နှုန်းကို ဆောင်းပြောင်းအဖြစ်စိုက်ပျိုးကြကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ပြောင်းများကို ထိုင်းနိုင်ငံအပါအဝင် ဗီယက်နမ်၊ တရုတ်၊ ဖိလစ်ပိုင်နှင့် မလေးရှားနိုင်ငံများသို့ တင်ပို့နေရကြောင်း သိရသည်။

ဒေါက်တာဖြိုးကိုကိုနိုင်က “အခုကတော့ ပြောင်းတွေကို နယ်စပ်ထက်စာရင် ပင်လယ်ရေကြောင်းကနေတစ်ဆင့် ပိုပြီးတင်ပို့နေရပါတယ်။ နယ်စပ်ကတင်ပို့တာကတော့ဈေးပိုရတာပေါ့။ ဩဂုတ်လကုန်အထိကတော့ ထိုင်းနိုင်ငံကို အဓိကတင်ပို့ဖြစ်နေဦးမှာပါ။ ပြောင်းအသစ်ထွက်တဲ့အချိန်ရောက်ရင်တော့ တခြားဈေးကွက်တွေကို ထပ်ပြီးတင်ပို့ဖို့ ကြိုးစားသွားမှာပါ” ဟုပြောသည်။

မြန်မာနိုင်ငံတွင် ပြောင်းကို ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေကြီးတို့တွင် အဓိက စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ (Xinhua)

 

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117