ချန်ရှား၊ ဇွန် ၁၆ ရက် (ဆင်ဟွာ) Chen Shuaiyu သည် ကောလိပ်မှ ဘွဲ့ရရှိပြီးနောက် ပြည်ပတွင် အလုပ်အကိုင်ရရှိရန် အခွင့်အလမ်းရှိခဲ့သော်ငြားလည်း ၎င်းအနေဖြင့် လယ်ယာစိုက်ပျိုးရေး၌ ခိုင်မာသောအလားအလာများကို မြော်မြင်တွေးဆလျက် မွေးရပ်မြေမှာပင် လယ်သမားတစ်ယောက်အဖြစ် ဆက်လက်နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။ အသက် ၂၇ နှစ်အရွယ် လယ်သမားလေးသည် တရုတ်နိုင်ငံ...
ကျိနန်၊ ဇွန် ၉ ရက်(ဆင်ဟွာ) လက်ရှိ တရုတ်နိုင်ငံ၏ ကျယ်ပြန့်များပြားလှသော လယ်ယာမြေများတွင် လယ်ယာသုံးစက်ပစ္စည်း ၁၆.၅ သန်းခန့်သည် လယ်ယာတောင်သူနှင့်နည်းပညာသမား ၃ သန်းကျော်ခန့်နှင့်အတူ နွေရာသီရိတ်သိမ်းကာလလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ဇွန် ၆ ရက်(တနင်္လာနေ့)အထိ တရုတ်နိုင်ငံတွင် ဆောင်းရာသီဂျုံသီးနှံ လယ်ယာမြေ မို ၁၆၇ သန်း(ဟက်တာ ၁၁.၁၃...
ချုံချင့်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) လိမ္မော်သီးများတင်ဆောင်ထားသည့် ကုန်တင်လေယာဉ်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြူနီစပယ်ဒေသမှ စင်္ကာပူနိုင်ငံသို့ နိုဝင်ဘာ ၂၆ ရက်က ထွက်ခွာခဲ့ကြောင်း မြူနီစပယ်ကုန်သွယ်ရေးကော်မရှင်၏ ထုတ်ပြန်ချက်အရသိရသည်။
ကျိနန် ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) ဆောင်းဦးရာသီ၌ တရုတ်နိုင်ငံ၊ဆန်းတုန်းပြည်နယ် ကျိနန်မြို့ တောင်ပိုင်း တောင်တန်းဒေသရှိ Hong Ye Feng Gu ရှုခင်းသာတွင် သစ်တောများရွှေရောင်ခြယ်သထားသော ဆောင်းဦးအလှမြင်ကွင်းများကို မြင်တွေ့နိုင်သည်။ (Xinhua) ———————————- (Chinese Version) (环境)济南:层林尽染秋色美 金秋时节,地处山东省济南市南部山区的红叶谷风景区层林尽染,秋色绚烂。 图说1:这是11月1日,游客在济南市红叶谷风景区内游玩。...
ဆားဝမ်း၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) ယခုရက်ပိုင်းများတွင် တရုတ်နိုင်ငံ ရှင်းကျန်းဒေသ၏ ဝါအဓိကထုတ်လုပ်သည့်ဒေသ ဆားဝမ်းမြို့ ရှိ ဝါခင်းများတွင် စည်ကားလျက်ရှိရာ ဝါကောက်စက်သံများ စိုက်ခင်းတွင်ကြားနိုင်သလို ဝါဂွမ်းအပြည့်တင်ဆောင်ထားသည့် ထရပ်ကားများ မှာလည်း ကျေးလက်တောရွာလမ်းကလေးများတွင် ဖြတ်သန်းသွားလာနေသည်ကို တွေ့မြင်နိုင်သည်။ ဝါစိုက်ပျိုးသူများ စိုက်ပျိုးကာလမလစ်ဟင်းရအောင် အချိန်လုဆောင်ရွက်လျက်ရှိ ရိတ်သိမ်းပြီး ဝါဂွမ်းများအား...
ပေကျင်း၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) လက်ရှိတွင် တရုတ်နိုင်ငံ၌ အရှေ့မြောက်ပိုင်း ကျားနှင့်ကျားသစ် အမျိုးသားဥယျာဉ်(Northeast China Tiger and Leopard National Park)၊ ချီလျန်တောင်တန်း အမျိုးသားဥယျာဉ်(Qilian Mountain National Park)၊ ပန်ဒါဝက်ဝံကြီး အမျိုးသားဥယျာဉ်(Giant Panda National Park)၊ ဆန်းကျန်းယွမ်...
ကူမင်း၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) ဇီဝမျိုးစုံကွဲပြားမှုဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းတွင်ပါဝင်သောနိုင်ငံများကွန်ဖရင့်၏ ၁၅ ကြိမ်မြောက် အစည်းအဝေး ပထမပိုင်းအား တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်၏မြို့တော် ကူမင်းတွင် ယနေ့ အောက်တိုဘာ ၁၁ ရက်တွင် စတင်ကျင်းပခဲ့သည်။ ၎င်းအစည်းအဝေးတွင် အောက်တိုဘာ ၁၄ ရက်မှ ၁၅ ရက်အထိ ပြုလုပ်မည့်...
ချန်ရှား၊ မေ ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ချန်ရှားမြို့ မိန်ယန်တောင်ဈာပနခန်းမတွင် မေ ၂၄ ရက် နံနက်ပိုင်းက စိုက်ပျိုးရေး သိပ္ပံပညာရှင် ယွမ်လုံဖိန်ကို လူထုက လာရောက်စုရုံးပို့ဆောင်ခဲ့ကြသည်။
ကျိန့်ကျိုး၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံရှိ လယ်ယာစိုက်ပျိုးရေး စက်ယန္တရားတီထွင်ဆန်းသစ်မှုစင်တာက မောင်းသူမဲ့ လျှပ်စစ်စွမ်းအင်သုံး လယ်ထွန်စက် ရှေ့ပြေးပုံစံကို ထုတ်လုပ်ခဲ့ကြောင်း သိရသည်။
ချန်းကျီ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ) ရွှေရောင် ဆောင်းဦးရာသီ အောက်တိုဘာလသည် တရုတ်နိုင်ငံ ရှင်းကျန်ဒေသ နေရာသီးသီးတွင် ဝါဂွမ်း ရိတ်သိမ်းသည့်ကာလဖြစ်သည်။ ရှင်းကျန်းဒေသ ချန်းကျီ ဟွေလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ မာနာ့စစ်ခရိုင်တွင် ဧက ၈၃၀,၀၀၀ ခန့်သောရှိ ဝါဂွမ်းများကို ရိတ်သိမ်း၍ စက်ရုံသို့ပို့ဆောင်ရသည့် လုပ်ငန်းစည်ကားနေချိန်လည်းဖြစ်သည်။