Connect with us

Culture & Entertainment

မဟာတံတိုင်းကြီး ရုပ်ရှင်ဇာတ်ကားသည် တရုတ်နိုင်ငံတွင် ထိပ်ဆုံးနေရာ၌ ရပ်တည်နေ

The Great Wall ရုပ်ရှင်ဇာတ်ကား၏ ကြော်ငြာ ပိုစတာအားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာ Zhang Yimou ရိုက်ကူးသော မဟာတံတိုင်းကြီး “ The Great Wall ” ရုပ်ရှင်ဇာတ်ကားသည် ယခုရက်သတ္တပတ် ရုံတင်ရက် ကုန်ဆုံးသော ဒီဇင်ဘာလ ၁၈ ရက်အထိ ကြည့်ရှု သူအများဆုံးဖြင့် တရုတ်နိုင်ငံတွင် ဝင်ငွေ ထိပ်ဆုံးနေရာ၌ ရပ်တည်နေကြောင်း တရုတ်ရုပ်ရှင်သတင်းက ဒီဇင်ဘာလ ၂ဝ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားတွင် နာမည်ကျော်တရုတ် အနုပညာရှင်များဖြစ်သော Matt Damon ၊ Pedro Pascal နှင့် Willem Dafoe တို့က အထူးပါဝင်သရုပ်ဆောင်ထားကြပြီး ဒီဇင်ဘာလ ၁၆ ရက်မှ စတင်၍ ရုံတင်ပြသခဲ့ရာ ဝင်ငွေ တရုတ်ယွမ် ၄၇ဝ သန်း ( အမေရိကန်ဒေါ်လာ ၆၇.၆ သန်း) အထိရရှိခဲ့ကြောင်း သိရသည်။

ဒါရိုက်တာ Mel Gibson ရိုက်ကူးသော စစ်ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်သည် Hacksaw Ridge သည် ဝင်ငွေ တရုတ်ယွမ် ၁၂၃ သန်းဖြင့် ဒုတိယနေရာ၌ ရပ်တည်နေသည်။ ဒီဇင်ဘာလ ၁၆ ရက်မှ စတင်ရုံတင်ခဲ့သော “ The Wasted Times” အိမ်ထောင်ရေးရုပ်ရှင်ဇာတ်ကားသည် ဝင်ငွေ တရုတ်ယွမ် ၆၆ သန်းဖြင့် တတိယနေရာ၌ ရပ်တည်နေကြောင်း သိရသည်။

ထို့ပြင် ဂျပန်အနီမေးရှင်းရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်သည့် “ Your Name” သည်တစ်ပတ်အတွင်း ဝင်ငွေ ယွမ် ၅ဝသန်း ဖြင့် အဆင့် ၄ နေရာ၌ ရပ်တည်နေသည်။ “ Immaturity of Twenty-Eight” အိမ်ထောင်ရေးဟာသ ရုပ်ရှင်ဇာတ်ကားသည် တစ်ပတ်ဝင်ငွေ ယွမ် ၄၅ သန်းဖြင့် တရုတ်နိုင်ငံ၌ ထိပ်ဆုံး အဆင့် ၅ နေရာ၌ ရပ်တည်နေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.