Connect with us

Economy

တရုတ် နိုင်ငံ ဟူနန် ပြည်နယ်၌ ၂၀၁၈ ခုနှစ်တွင် ပြည်သူ ၁.၃ သန်းအား ဆင်းရဲနွမ်းပါးမှုမှ ဆွဲတင်နိုင်ခဲ့

ဟူနန် ပြည်နယ် ချန်ရှားမြို့ အား တွေ့ ရစဉ်(ဆင်ဟွာ)

ချန်ရှား ၊ ဇန်နဝါရီ ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန် ပြည်နယ်၌ ၂၀၁၈ ခုနှစ်တွင် ကျေးလက်နေ ပြည်သူ ၁.၃၁ သန်းအား ဆင်းရဲ နွမ်းပါးမှုမှ ဆွဲတင် နိုင်ခဲ့ ကြောင်း ဇန်နဝါရီ ၂၆ ရက်က ပြုလုပ်သော ကျင်းပဆဲ ပြည်နယ် ပြည်သူ့ညီလာခံ နှစ်ပတ်လည် အစည်းအဝေးမှ သိရသည်။

ဟူနယ်ပြည်နယ်တွင် ဆင်းရဲနွမ်းပါးသူ ဦးရေ အချိုးကို ၂၀၁၇ ခုနှစ်တွင် ၃.၈၆ ရာခိုင်နှုန်းမှ ၂၀၁၈ ခုနှစ်တွင် ၁.၄၉ ရာခိုင်နှုန်း အထိ လျှော့ချနိုင်ခဲ့ကြောင်း ဟူနန် ပြည်နယ် အုပ်ချုပ်ရေးမှူး Xu Dazhe က ပြည်နယ် နှစ်ပတ်လည် ဥပဒေပြု အစည်းအဝေး ဖွင့်ပွဲ၌ အစိုးရ၏ လုပ်ဆောင်မှု အစီရင်ခံစာအား ဖတ်ကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ဟူနန် ပြည်နယ် အုပ်ချုပ်ရေးမှူးက ၂၀၁၈ ခုနှစ်တွင် ဒုက္ခ ဆင်းရဲတွင်းတွင် နေထိုင် နေကြရသည့် ကျေးရွာ ပေါင်း ၂,၄၉၁ ရွာ နှင့် မြို့ငယ်ပေါင်း ၁၈ မြို့မှ ပြည်သူများကို ဆင်းရဲ နွမ်းပါးမှုမှ ဆွဲတင် နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပြီး ပြည်နယ် အတွင်းရှိ ကျေးလက်နေ ပြည်သူများ၏ တစ်ဦးချင်း ဝင်ငွေမှာ ၁၁ ရာခိုင်နှုန်း အထိ တိုးတက်ခဲ့ရာ တရုတ် ယွမ် ၁၀,၂၈၅ (အမေရိကန် ဒေါ်လာ ၁,၅၂၄ ) အထိ ရရှိခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် ဟူနယ်ပြည်နယ် အတွင်း၌ နေထိုင်ကြသည့် ရှန်းရှီး ရှိ မြောင် နှင့် ထူကျား တိုင်းရင်းသား အပါအဝင် အနည်းဆုံး လူပေါင်း ၆ သိန်းအား ဆင်းရဲနွမ်းပါးမှုမှ ဆွဲတင်နိုင်ရန် ရည်မှန်းထားကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.