Connect with us

Economy

တရုတ်နိုင်ငံ ၏ ခရီးသွားကဏ္ဍလျင်မြန်စွာ တိုးတက်လျက်ရှိ

တရုတ်နိုင်ငံ ယန်ကျိုးမြို့တွင် ခရီးသွားဧည့်သည်များလည်ပတ်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ၏ ခရီးသွားလုပ်ငန်း နှင့် ဆက်စပ်သည့် လုပ်ငန်းများ သည် ၂၀၁၇ ခုနှစ်မှစပြီး လျင်မြန်စွာ တန်ဖိုးမြင့်တက်လာကြောင်း သိရသည်။

၂ဝ၁ရ ခုနှစ်တွင် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်၍ ဖြည့်စွက်ထုတ်ကုန်မြင့် တန်ဖိုးသည် ယွမ် ၃.၇၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၅ဝ ဘီလီယံ) ရှိခဲ့ရာ ၂ဝ၁၆ ခုနှစ်တွင် ရှိခဲ့သော တိုးတက်မှုနှုန်း ၉.၉ ရာခိုင်နှုန်းကို ကျော်လွန်၍ တစ်နှစ်ထက်တစ်နှစ် တိုးတက်မှုနှုန်း ၁၂.၈ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို၏ ထုတ်ပြန်ချက်အရ သိရသည်။

၂ဝ၁၇ ခုနှစ်အတွက် အဆိုပါ ကဏ္ဍများ၏ ပြည်တွင်းစုစုပေါင်းထုတ်လုပ်မှုတန်ဖိုး(GDP) သည် ၄.၅၃ ရာခိုင်နှုန်းရှိခဲ့ရာ ၂ဝ၁၆ ခုနှစ်ထက် ဝ.၁၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။

ခရီးသွားကဏ္ဍအားလုံးအနက် ဖျော်ဖြေရေးဝန်ဆောင်မှုလုပ်ငန်းသည် တိုးတက်မှုနှုန်း အလျင်မြန်ဆုံးအဆင့်တွင်ရပ်တည်နေပြီး ၁၇.၂ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း ၊ ယင်းနောက်တွင် ခရီးသွား နှင့် အစားအသောက်လုပ်ငန်းများ အသီးသီးရပ်တည်နေသည်။ ခရီးသွားကဏ္ဍတွင် ဈေးဝယ်ထွက်ခြင်း( ပစ္စည်းရောင်းချခြင်း) က အကြီးမားဆုံး ဝင်ငွေရှာပေးသော လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နေပြီး ထုတ်ကုန်ဖြည့်စွက်တန်ဖိုး စုစုပေါင်းအားလုံး၏ သုံးပုံတစ်ပုံ အထိ ရှိနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.