Connect with us

Economy

စစ်တမ်းလေ့လာမှုများအရ အမေရိကန် လုပ်ငန်း ကုမ္ပဏီ အများစု က တရုတ် နိုင်ငံ ဈေးကွက် ၏ အနာဂတ် အလားအလာ အပေါ် အကောင်းမြင်

အမေရိကန်-တရုတ် ကုန်သွယ်ရေး အမျိုးသား ကော်မတီ ဥက္ကဋ္ဌ Craig Allen အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

အမေရိကန်-တရုတ် ကုန်သွယ်ရေး အမျိုးသား ကော်မတီ က သြဂုတ် ၁၁ ရက် ၌ ၂၀၂၀ ပြည့်နှစ် လေ့လာစမ်းစစ်မှု စစ်တမ်း အစီရင်ခံစာ အား ထုတ်ပြန်ကြေညာခဲ့ပြီး ယင်း ထုတ်ပြန်ချက်တွင် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသည့် အခြေအနေ အောက်တွင် နှစ်နိုင်ငံ ဆက်ဆံရေး က တင်းမာနေသော်လည်း အမေရိကန် လုပ်ငန်း ကုမ္ပဏီ အများစုသည် တရုတ် နိုင်ငံ ဈေးကွက် အပေါ် အကောင်းမြင် ကာ ထုတ်လုပ်မှု စက်ရုံများ ကို တရုတ် နိုင်ငံ မှ မပြောင်းရွှေ့ပြောင်းလိုကြောင်းဖော်ပြထားသည်။

လေ့လာစမ်းစစ်မှု အရ အမေရိကန် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ ၇၀ ရာခိုင်နှုန်း ခန့်က တရုတ် နိုင်ငံ ဈေးကွက် ၏ အနာဂတ် ၅ နှစ် အတွင်း စီးပွားရေး အလားအလာ အပေါ် အကောင်းမြင် ကြပြီး တရုတ် နိုင်ငံ ဈေးကွက် အပေါ် ရေရှည်ယုံကြမှုရှိကြကာ လုပ်ငန်းကုမ္ပဏီများ အနက် ၈၇ ရာခိုင်နှုန်း က တရုတ် နိုင်ငံ ရှိ ထုတ်လုပ်မှု စက်ရုံ အား မပြောင်းရွှေ့ပြောင်းလို ကြောင်း သိရှိရသည်။

အမေရိကန်-တရုတ် ကုန်သွယ်ရေး အမျိုးသား ကော်မတီ အဆင့်မြင့် ဒုတိယ ဥက္ကဋ္ဌ က အဖွဲ့ဝင်များ အနေဖြင့် အများစု က တရုတ် နိုင်ငံ တွင် ထုတ်လုပ်ခြင်း သည် တရုတ် ဈေးကွက် အတွက် ဖြစ်ကြောင်း ၊ လုပ်ငန်းကုမ္ပဏီ က တရုတ် နိုင်ငံ ၌ အောင်မြင်မှု ရရှိခဲ့လျှင် အခြားဒေသ ဖွံ့ဖြိုးတိုးတက်မှု အတွက် တွန်းအားပေးနိုင်ကြောင်း ၊ တရုတ် နိုင်ငံ ၌ ဈေးကွက်ယှဉ်ပြိုင် နိုင်စွမ်း မရှိလျှင် ကမ္ဘာပေါ် ၌ လည်း ဈေးကွက်ယှဉ်ပြိုင် နိုင်စွမ်း ရှိမည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

ထုတ်ပြန်ချက် အရ အမေရိကန်-တရုတ် ဆက်ဆံရေး တင်းမာခြင်း က တရုတ် နိုင်ငံ ရှိ အမေရိကန် လုပ်ငန်း ကုမ္ပဏီများအတွက် စိန်ခေါ်မှု ဖြစ်ပွားစေခဲ့ကြောင်း ၊ ၈၆ ရာခိုင်နှုန်း ခန့်သော တရုတ် နိုင်ငံ ရှိ အမေရိကန် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များက သက်ရောက်မှု ဖြစ်ပွားခဲ့သည် ဟု ယူဆကြကြောင်း ၊ သို့သော် နှစ်နိုင်ငံ ရရှိခဲ့သည့် ပထမအဆင့် ကုန်သွယ်ရေး သဘောတူညီချက်အရ စီးပွားရေး ဆက်ဆံမှု တည်ငြိမ်စေရန် အထောက်အကူ ဖြစ်စေခဲ့ကြောင်း ၊ ၈၈ ရာခိုင်နှုန်းသော လုပ်ငန်း ကုမ္ပဏီများ က ယင်းသဘောတူညီချက် အပေါ် အကောင်းမြင်ကြောင်း သိရှိရသည်။

အမေရိကန်-တရုတ် ကုန်သွယ်ရေး အမျိုးသား ကော်မတီ ဥက္ကဋ္ဌ Craig Allen က ဆင်ဟွာ သတင်းဌာန ၏ တွေ့ဆုံမေးမြန်းမှုအား ဖြေကြားရာတွင် ကုန်သွယ်မှု ဆက်ဆံရေး သည် နှစ်နိုင်ငံ ဆက်ဆံရေး ၏ အခြေခံ ဖြစ်ပြီး ဂရုစိုက်စွာ ထိန်းသိမ်းရမည် ဖြစ်ကြောင်း ၊ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု ရပ်တန့် သွားပါကာ နှစ်နိုင်ငံ ပြည်သူလူထု ၏ အကျိုးစီးပွား ကို ထိခိုက်စေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန်-တရုတ် ကုန်သွယ်ရေး အမျိုးသား ကော်မတီ ကို ၁၉၇၃ ခုနှစ် တွင် စတင်ထူထောင် ခဲ့ခြင်း ဖြစ်ပြီး တရုတ် နိုင်ငံ တွင် စီးပွားရေး လုပ်ကိုင်ဆောင်ရွက်သည့် အဖွဲ့ဝင် လုပ်ငန်း ကုမ္ပဏီ ပေါင်း ၂၂၀ ခန့် ရှိကြောင်း ၊ ယခုအကြိမ် စုံစမ်းစစ်ဆေးမှု သည် အမေရိကန် လုပ်ငန်း ကုမ္ပဏီပေါင်း ၁၀၀ ခန့်အား စစ်တမ်း ကောက်ယူခဲ့ခြင်း ဖြစ်ပြီး မေလကုန် မှ ဇွန်လ အထိ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။  (Xinhua)