Connect with us

Economy

တရုတ်နိုင်ငံကနိုင်ငံခြားစီးပွားရေးလုပ်ငန်းများအားလုံးကိုကြိုဆိုကြောင်းပြောရေးဆိုခွင့်ရှိသူပြောကြား

တရုတ်နိုင်ငံအရှေ့ပိုင်းရှန်ဟိုင်းမြို့မြင်ကွင်းအားနံနက်ခင်းတစ်ခုတွင် အပေါ်စီးမှ တွေ့မြင်ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံလည်ပတ်ရန် တစ်ခြားနိုင်ငံများမှ ကုမ္ပဏီများအားအမြဲတမ်းကြိုဆိုသွားမည် ဖြစ်ကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကဩဂုတ် ၅ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Wang Wenbinသည် တရုတ်နိုင်ငံရှိ ဥရောပသမဂ္ဂကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ Joerg Wuttkeနှင့် ဩဂုတ် ၄ ရက်ကတွေ့ဆုံစဉ် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအလားအလာများအပေါ် ဥရောပကုမ္ပဏီများယုံကြည်မှုရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ကိုနေ့စဉ် ပြုလုပ်သောပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။ 

“တံခါးဖွင့် ကမ္ဘာ့စီးပွားရေးအားပေးမြှင့်တင်သူတစ်ဦးအနေနဲ့ တရုတ်နိုင်ငံဟာကမ္ဘာရဲ့ အခြားအစိတ်အပိုင်းတွေနဲ့ ဥရောပကကုမ္ပဏီတွေအတွက် ဥပဒေအခြေပြုတဲ့ နိုင်ငံတကာစီးပွားရေးပတ်ဝန်းကျင် ကောင်းတစ်ခု ၊ ဈေးကွက်ဗဟိုပြုအတွက် အမြဲကတိကဝတ် ပြုထားပါတယ် ၊ ပြီးတော့ တံခါးကိုလည်းအမြဲတမ်း ကျယ်ကျယ်ပြန့်ပြန့်ဖွင့်ထားပါတယ် ”ဟု Wang က ပြောကြားခဲ့သည်။ 

ဥရောပသမဂ္ဂသည် ၂၀၁၉ ခုနှစ်အထိ ၁၆ နှစ်ဆက်တိုက် တရုတ်နိုင်ငံ၏ ထိပ်တန်းကုန်သွယ်ဖက် ဖြစ်ပြီးပြီးခဲ့သောနှစ်တွင် ပထမဆုံးအကြိမ် အဖြစ် စုစုပေါင်းကုန်သွယ်မှုတန်ဖိုးအမေရိကန် ဒေါ်လာ ၇၀၀ ဘီလီယံကျော်လွန်ခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။ 

ကမ္ဘာ၏ အခြားအစိတ်အပိုင်းသို့မဟုတ် ဥရောပမှ ကုမ္ပဏီများသည် တရုတ်နိုင်ငံ၏ စီးပွားရေးအလားအလာနှင့် စီးပွားရေးပတ်ဝန်းကျင် တိုးတက်မှုနှင့် ပတ်သက်၍ အကောင်းဖက်ကရှုမြင်ကြကြောင်း Wang က အလေးထားပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံအနေဖြင့် အခြားနိုင်ငံများမှ ကုမ္ပဏီများနှင့် ဥရောပရင်းနှီးမြှုပ်နှံသူများအား အစဉ်အမြဲကြိုဆိုပြီးတံခါးဖွင့်လှစ်မှုကိုချဲ့ထွင်သွားမည်ဖြစ်ကြောင်းနှင့် ပြုပြင်ပြောင်းလဲမှုကို ပိုမိုနက်ရှိုင်းစွာဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ၌ ၎င်းတို့၏ လုပ်ငန်းများအတွက် ဖွံ့ဖြိုးတိုးတက်မှုများကိုပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများနှင့် ဖွံ့ဖြိုးတိုးတက်မှုအမြတ်ဝေစုများကိုပို၍ ထောက်ပံ့သွားမည် ဖြစ်ကြောင်း  Wang က ပြောကြားခဲ့သည်။ 

“ဥရောပကုမ္ပဏီတွေအပါအဝင် နိုင်ငံခြားကုမ္ပဏီများတွေဟာတရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ သူတို့ဟာတရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ နှစ်ဦးနှစ်ဖက် အကျိုးတူပူးပေါင်းဆောင်ရွက်မှုရဲ့ အောင်မြင်တဲ့ ဇာတ်ကောင်တစ်စိတ်တစ်ပိုင်းအဖြစ် ဆက်လက် တည်ရှိနေလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ “ ဟု ၎င်းကထည့်သွင်းပြောကြားခဲ့သည်။ 

ယခုနှစ်အစောပိုင်းတွင် တရုတ်နိုင်ငံရှိဥရောပသမဂ္ဂကုန်သည်ကြီးများအသင်းနှင့် ကမ္ဘာလုံးဆိုင်ရာအကြံပေးကုမ္ပဏီဖြစ်သည့် Roland Berger မှ ကောက်ယူခဲ့သောစစ်တမ်းအရဖြေဆိုသူ ၆၃ ရာခိုင်နှုန်းကတရုတ်နိုင်ငံသည်ရင်းနှီးမြှုပ်နှံမှုသွားရောက်လုပ်ကိုင်ရန် ထိပ်ဆုံးသုံးနေရာတွင် တစ်နေရာအပါအဝင် ဖြစ်ကြောင်းဖော်ပြခဲ့သည်။  (Xinhua)