Connect with us

Economy

တရုတ် နိုင်ငံက အမေရိကန်၏ သွင်းကုန်များ အတွက် ကုန်စည်စည်းကြပ်မှု ကင်းလွတ်ခွင့် လုပ်ငန်းစဉ် အသစ် စတင်မည်

တရုတ် နိုင်ငံ မြောက်ပိုင်း Hebei ပြည်နယ်ရှိ ဆိပ်ကမ်း၌ ကုန်တင် သဘောင်္များအား တွေ့ ရစဉ် (ဆင်ဟွာ)

ပေဂျင်း ၊ သြဂုတ် ၂၉ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံက အမေရိကန်၏ သွင်းကုန်များ အပေါ် ဒုတိယ အကြိမ် အထူးကုန်စည် စည်းကြပ်ခြင်းမှ ကင်းလွတ် ခွင့်များ အတွက် မကြာမီ လျှောက်လွှာများ လက်ခံခြင်းကို စတင်သွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ် နိုင်ငံ၌ ကုန်သည်ကြီးများ အသင်း သို့မဟုတ် စီးပွားရေး လုပ်ငန်း အသင်းအဖွဲ့များ ၊ စီးပွားရေး အသင်းများသည် ဖယ်ရှားထားသည့် ထုတ်ကုန်များအား အွန်လိုင်းမှ လျှောက်ထားခြင်းကို စက်တင်ဘာ ၂ ရက်မှ အောက်တိုဘာ ၁၈ ရက် အထိ တင်သွင်းနိုင်ကြောင်း နိုင်ငံတော် ကောင်စီ၏ အကောက်ခွန် ကုန်စည်စည်းကြပ်မှု ကော်မရှင်ထံမှ သိရသည်။

အဆိုပါ ကော်မရှင်သည် တစ်ချို့သော ထုတ်ကုန်များအား အထူး ကုန်စည် စည်းကြပ်ခြင်းမှ လွတ်ငြိမ်းခွင့် ရရှိနိုင်ကြောင်း နှင့် ယာယီ အခွန် ကင်းလွတ်ခွင့် ကမ်းလှမ်းခြင်း သို့မဟုတ် သက်ဆိုင်ရာ အစုရှယ်ယာရှင်များ ၏ လျှောက်ထားမှုများ အပေါ် အခြေခံပြီး အပိုဆောင်း အခွန်များအား ပြန်လည် ငွေပေးချေမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၂၄ ရက်တွင် အမေရိကန် နိုင်ငံသည် ဒေါ်လာ ဘီလီယံ ၂၀၀ တန်ဖိုးရှိ တရုတ် ထုတ်ကုန်များ အပေါ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း အပိုဆောင်း ကောက်ခံမှုအား စတင်ခဲ့ပြီးနောက် အမေရိကန် ထုတ်ကုန်များ အပေါ် တရုတ် နိုင်ငံ၏ ဒုတိယ အကြိမ် အထူး စည်းကြပ်ခွန် ကောက်ခံမှု အဖြစ် အမေရိကန် ဒေါ်လာ ၆၀ ဘီလီယံ အကျိုး သက်ရောက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အကောက်ခွန် ကုန်စည်စည်းကြပ်မှု ကော်မရှင်သည် အမေရိကန်၏ ဒေါ်လာ ၇၅ ဘီလီယံ တန်ဖိုးရှိ သွင်းကုန် များ အပေါ် တတိယ အကြိမ် အထူး ကုန်စည် စည်းကြပ်ခြင်း အတွက် ကင်းလွတ်ခွင့် လုပ်ငန်းစဉ်အား ကြေညာ လိမ့်မည် ဖြစ်ကြောင်း သိရသည်။

ပထမ အကြိမ် ဖယ်ရှားထားသည့် လျှောက်လွှာများအား ဇွန် ၃ ရက်မှ ဇူလိုင် ၅ ရက် အထိ လက်ခံခဲ့ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117