Connect with us

Economy

တရုတ်နိုင်ငံရှိ ပြည်တွင်း လေယာဉ်များတွင် မိုဘိုင်းဖုန်း အသုံးပြုခွင့်ရ

လေယာဉ်ပေါ်တွင် မိုဘိုင်းဖုန်း အသုံးပြုနေသူတစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟိုင်းကို၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ ပြည်တွင်း လေကြောင်းလိုင်းတစ်ခုက ဇန်နဝါရီလ ၁၈ ရက်က ၎င်းတို့၏ လေယာဉ်များပေါ်၌ မိုဘိုင်းဖုန်း သုံးစွဲရန် ခွင့်ပြုလိုက်ကြောင်း သိရသည်။

ဟိုင်နန်လေကြောင်းလိုင်း၏ HU7781 လေယာဉ်ပေါ်တွင် ခရီးသည်များအား စမတ်ဖုန်းများနှင့် တက်ဘလက်များ စသည့် လျှပ်စစ် အသုံးအဆောင်များ အား အသုံးပြုခွင့်ပြုလိုက်ကြောင်း၊ သို့သော် ဖုန်းအား Airplane mode တွင်ထားရှိရမည် ဖြစ်သည်။

တရုတ်နိုင်ငံ၏ အကြီးဆုံး စီးပွားဖြစ် လေကြောင်းလိုင်းများအနက် တစ်ခုဖြစ်သော ဟိုင်နန်လေကြောင်းလိုင်းသည် လေယာဉ်တွင် ဝိုင်ဖိုင်ထားရှိမည်ဖြစ်ပြီး ခရီးသည်များအနေဖြင့် အခြားဝန်ဆောင်မှုများအကြား စကားစမြည်ပြောဆိုခြင်း (Chat) ၊ သတင်းနှင့် အီးမေးလ်တို့အား အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

ခရီးသည်များအနေဖြင့် ဇန်နဝါရီလ ၁၈ ရက်မှစတင်၍ လေယာဉ်များပေါ်၌ လျှပ်စစ် အသုံးအဆောင်ပစ္စည်းများအား အသုံးပြုနိုင်ပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံ လေကြောင်းအုပ်ချုပ်ရေးက ဇန်နဝါရီလ ၁၆ ရက်က ညွှန်ကြားချက်အား ဖြေလျှော့ခဲ့ပြီးနောက် ဇန်နဝါရီလ ၁၇ ရက်တွင် China Eastern လေကြောင်းလိုင်းနှင့် ဟိုင်နန်လေကြောင်းလိုင်းက ကြေညာခဲ့သည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117