Connect with us

Economy

တရုတ်နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ချက်သမ္မတနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များအား သမ္မတရှီ ဖိတ်ခေါ်

တရုတ်- ချက်သမ္မတနိုင်ငံ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတွင် သမ္မတ ရှီကျင့်ဖိန် မိန့်ခွန်းပြောကြား နေစဉ် (ဆင်ဟွာ)

ပရာ့ဂ်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက် တရုတ်နိုင်ငံက အဓိကကျသည့် မောင်းနှင်သူ တစ်ဦးအဖြစ် ဆက်လက် ရပ်တည်နေကြောင်းနှင့် ချက်သမ္မတနိုင်ငံက စီးပွားရေး လုပ်ငန်းရှင်များအား တရုတ်နိုင်ငံ၌ လာရောက် ရင်းနှီး မြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း မတ်လ ၃၀ ရက်က တရုတ်- ချက်သမ္မတနိုင်ငံ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲ၌ သမ္မ တ ရှီကျင့်ဖိန်က ပြောကြားလိုက်သည်။

ချက်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိနေသည့် သမ္မတ ရှီသည် ခရီးစဉ်၏ နောက်ဆုံး နေ့ဖြစ်သော မတ်လ ၃၀ ရက်တွင် မြို့တော် ပရာ့ဂ်၌ ချက် သမ္မတနိုင်ငံ သမ္မတ မီလော့စ် ဇီးမန်းနှင့်အတူ ပြုလုပ်သည့် နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်သည့် စီးပွားရေး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ချက်သမ္မတနိုင်ငံ သမ္မတ မီလော့စ် ဇီးမန်းတို့ လက်ဆွဲ နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးအပြီး လက်ဆွဲနှုတ်ဆက် နေစဉ် (ဆင်ဟွာ)

၂၀၁၅ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ စီးပွားရေး နှေးကွေးနေခဲ့သော်လည်းပဲ ကမ္ဘာ့စီးပွားရေးတွင် တည်ငြိမ်စွာ ဖြင့် ၂၅ ရာခိုင်နှှုန်း ထောက်ပံ့ပေးထားနိုင်ခဲ့ကြောင်း၊ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများဖြင့် နှစ်နိုင်ငံ ကုန်သွယ်ရေးအား မြှင့်တင်နိုင်ကြောင်းနှင့် ဤနေရာတွင် ရှိနေသည့် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့်လည်း တရုတ်နိုင်ငံ၌ စီးပွားရေး အခွင့်အလမ်းများအား ရှာဖွေရန် သမ္မတ ရှီက တိုက်တွန်းလိုက်သည်။
သတင်းအချက်အလက် နည်းပညာ၊ စွမ်းအင်၊ ခရီးသွားလာရေး၊ စက်မှုလုပ်ငန်း၊ ဆေးပညာ၊ ကျန်းမာရေး၊ ပညာရေး၊ အားကစား စသည့် နယ်ပယ်များတွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် အခွင့်အလမ်း ကောင်းများ ရရှိနိုင်ကြောင်းနှင့် ထိုသို့ ဆောင်ရွက်ခြင်းဖြင့် တရုတ်နိုင်ငံမှ စွမ်းရည်မြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်း သုံး ပစ္စည်းကိရိယာများအား ဈေးနှုန်းချိုသာစွာဖြင့် ရရှိနိုင်မည် ဖြစ်ကြောင်း ရှီက ဆိုသည်။
ထို့ပြင် ချက်သမ္မတနိုင်ငံသည် တရုတ်- ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်း (China-CEE) ဒေသ ပူးပေါင်း ဆောင်ရွက်ခြင်း၌ အရေးပါသည့် နိုင်ငံ တစ်ခုအဖြစ် ပါဝင်နေပြီး ယခုလို ပါဝင်ခြင်းအားဖြင့်လည်း နှစ်နိုင်ငံလုံး အတွက် အကျိုးကျေးဇူး ရှိနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ရှီက ထပ်လောင်း ပြောကြားခဲ့သည်။
၂၀၁၂ ခုနှစ်တွင် တည်ထောင်ခဲ့သည့် “16+1” ပူးပေါင်းဆောင်ရွက်မှု နည်းလမ်းတွင် တရုတ်နိုင်ငံ နှင့် ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသရှိ နိုင်ငံပေါင်း ၁၆ နိုင်ငံပါဝင်ကာ ဥရောပနှင့် တရုတ်နိုင်ငံအကြား တိုက်ရိုက် ဆက်သွယ်နိုင်ရန် တွန်းအားသစ် တစ်ခုအဖြစ် ရည်ရွယ်လုပ်ဆောင်ခဲ့သည်။
တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ချက်သမ္မတနိုင်ငံသို့ သုံးရက်တာ ချစ်ကြည်ရေး ခရီးစဉ်သည် အနာဂတ် နှစ်နိုင်ငံ ဆက်ဆံရေး၏ ခေတ်သစ် တစ်ခုဖြစ်ပါကြောင်း ရှီက ပြောသည်။
နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲအပြီး နှစ်နိုင်ငံ သမ္မတများအား သက်သေပြုလျက် စီးပွားရေး ပူးပေါင်း ဆောင်ရွက် မှုဆိုင်ရာ နားလည်မှု စာချွန်လွှာများအား နှစ်နိုင်ငံ စီးပွားရေးခေါင်းဆောင်များက လက်မှတ် ရေးထိုးခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117