Connect with us

Economy

၂ဝ၁၅ ခုနှစ်အတွင်း Huawei ဖုန်းအမြတ်ငွေ ၃၃ ရာခိုင်နှုန်းကျော် မြင့်တက်

Huawei Mate 8 ဖုန်းမိတ်ဆက်ပွဲမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရှန်းကျန့်၊ ဧပြီ ၁ ရက် ( ဆင်ဟွာ )

တရုတ်နိုင်ငံ၏အကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ ဖြစ်သည့် Huawei စမတ်ဖုန်းနည်းပညာလုပ်ငန်းစုက ၂ဝ၁၅ ခုနှစ်အတွင်း ၎င်းတို့ကုမ္ပဏီအနေဖြင့် အမြတ်ငွေ ၃၃ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

အဆိုပါ ပုဂ္ဂလိကပိုင် ကုမ္ပဏီကြီး၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ၂ဝ၁၅ ခုနှစ်အတွင်း လက်ကိုင်ဖုန်းရောင်းချရာမှ အမြတ်ငွေ ယွမ် ၃၆.၉ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၆.၁၃ ဘီလီယံ ) ရရှိခဲ့ကြောင်း ၊ တစ်ကမ ္ဘာလုံးအတိုင်းအတာဖြင့် ၎င်းတို့၏ လုပ်ငန်းစုတန်ဖိုးမှာ ယွမ်ငွေ ၃၉၅ ဘီလီယံထိ တိုးတက်လာကြောင်း နှင့် တစ်နှစ်ပြီးတစ်နှစ်တိုးတက်မှု ပမာဏသည် ၃၇ ရာခိုင်နှုန်းထိ ရှိလာကြောင်း ဆိုပါသည်။

ယခုကဲ့သို့လုပ်ငန်းတန်ဖိုးတိုးတက်လာခြင်းမှာ အဓိကအားဖြင့် စမတ်ဖုန်းရောင်းရငွေ တိုးတက်လာခြင်းကြောင့် ဖြစ်သည်။ ထို့ပြင် သုံးစွဲသူများထံမှ ရရှိသောအမြတ်ငွေသည် ယွမ် ၁၂၉ . ၁ ဘီလီယံထိ ရရှိခဲ့သဖြင့် ယခင်နှစ်ကထက် ၇၃ ရာခိုင်နှုန်းကျော်တိုးတက်လာခဲ့သည်ဟု ကုမ္ပဏီ တာဝန်ရှိသူများကပြောသည်။

Huawei ကုမ္ပဏီ၏ အလှည့်ကျ အမှုဆောင်အရာရှိချုပ် Guo Ping က စမတ်ဖုန်းအပါအဝင် ၎င်းတို့လုပ်ငန်းစုက ထုတ်လုပ်နေသည့် ပစ္စည်းအမျိုးမျိုးကို ကမ ္ဘာ့နိုင်ငံပေါင်း ၁၇ဝ တွင် ဖြန့်ဖြူးရောင်းချနေသည်ဟု ဆိုသည်။ ထို့ပြင် ၎င်းတို့၏ စတုတ္ထမျိုးဆက် မိုလ်ဘိုင်းဖုန်းဝန်ဆောင်မှုများကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနေကြသည့် ကမ ္ဘာတစ်ဝန်းရှိ ဖောက်သည်များကို ကျေးဇူးတင်ကြောင်း နှင့် Huawei ၏ ကွန်ယက်ဖြန့်ကြက်မှုသည် ၂၁ ရာခိုင်နှုန်းထိ မြင့်တက်နေပြီး စုစုပေါင်းတန်ဖိုးမှာ ယွမ် ၂၃၂.၃ ဘီလီယံထိ ရောက်ရှိနေပြီဟု ဖြည့်စွက်ပြောကြားသည်။
ပြည်ပနိုင်ငံဈေးကွက်များမှတဆင့် ရရှိသော အမြတ်ငွေ သည် စုစုပေါင်း အမြတ်ငွေ ပမာဏအားလုံး၏ ၅၈ ရာခိုင်နှုန်းဖြစ်သည်ဟု Meng Wanzhou ကပြောသည်။ Hauwei ကုမ္ပဏီသည် ၂ဝ၁၅ ခုနှစ်အတွင်း သုတေသန နှင့် ဖွံ့ဖြိုးရေး ( R & D ) အတွက် စုစုပေါင်း အသုံးပြုငွေမှာ ယွမ် ၅၉.၆ ဘီလီယံရှိပြီး အဆိုပါပမာဏသည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ( R & D ) အတွက် အသုံးပြုခဲ့သည့် ရင်းနှီးမြှပ်နှံမှုငွေ ၂၄ဝ ဘီလီယံ ထက် ပိုမိုသုံးစွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.