Connect with us

Economy

အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ်တွင် အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ရန် နိုင်ငံပေါင်း ၃၀ ကျော် စောင့်ဆိုင်းနေ

AIIB ဥက္ကဋ္ဌ ကျင်းလီကွမ်အား အာရှ Boao ဖိုရမ်၌ ဆွေးနွေးနေစဉ် (ဆင်ဟွာ)

BOAO၊ မတ် ၂၅ ရက် (ဆင်ဟွာ)

အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) ၏ အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ရန် နိုင်ငံပေါင်း ၃၀ ကျော်မှ စောင့်ဆိုင်းလျက်ရှိကြောင်း AIIB ဘဏ်၏ ဥက္ကဋ္ဌ ကျင်းလိချွမ် (Jin Liqun) က မတ်လ ၂၅ ရက်နေ့၌ ဟိုင်နန် ပြည်နယ်တွင် ပြုလုပ်သည့် အာရှ Boao ဖိုရမ်၌ ပြောကြားခဲ့သည်။

လက်ရှိတွင် AIIB အဖွဲ့ဝင်သစ်များ လက်ခံရန် လုပ်ဆောင်လျက်ရှိပြီး ယခုနှစ် မကုန်မီ ထိုကိစ္စကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယူဆကြောင်း AIIB ဘဏ်ဥက္ကဋ္ဌ ကျင်းလိချွမ်က ပြောကြားခဲ့သည်။

အကျိုးအမြတ်မယူသော ဘက်စုံ ဖွံ့ဖြိုးမှု ဘဏ်ဖြစ်သည့် အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) အား တရုတ်နိုင်ငံက စတင်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် တရားဝင် တည်ထောင်ခဲ့ကာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ၌ လုပ်ငန်း စတင်လည်ပတ်ခဲ့သည်။

AIIB ဘဏ်တွင် မှုလအဖွဲ့ဝင် ၅၇ နိုင်ငံရှိပြီး ဘဏ်၏ ပထမဦးဆုံး စီမံကိန်းကိုမူ ယခုနှစ် ပထမနှစ်ဝက်တွင် စတင်နိုင်မည် ဖြစ်သည်။

လက်ရှိ ဘဏ္ဍာရေးအဖွဲ့အစည်းများသည် နိုင်ငံတိုင်း၏ အခြေခံ အဆောက်အအုံ နှင့် အခြား လိုအပ်ချက်များ အား အပြည့်အဝ ဆောက်ရွက်မပေးနိုင်သေးသဖြင့် ၎င်းအတွက် AIIB အနေဖြင့် ကြီးမားသည့် အကူအညီ တစ်ခု ဖြစ်လာနိုင်မည် ဖြစ်ကြောင်း ကျင်းက ပြောသည်။

ထို့ပြင် AIIB သို့ အမေရိကန်နိုင်ငံ ပါဝင်လာရေး အဆုံးအဖြတ်အား စောင့်ဆိုင်းနေကြောင်း၊ AIIB သည် တရုတ်၊ အမေရိကန်၊ ဂျပန် အပါအဝင် အခြား နိုင်ငံများ အတူတကွ လုပ်ဆောင်သွားနိုင်မည့် နေရာတစ်ခု ဖြစ်ကြောင်း ကျင်းက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.