Connect with us

Economy

BRICS New Development Bank က ပထမဆုံး ချေးငွေ သဘောတူညီချက် လက်မှတ်ရေးထိုး

NDB ဥက္ကဋ္ဌ K.V. Kamath (ဝဲအစွန်ဆုံး) နှင့် တာဝန်ရှိသူတို့အား တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ဆိုလာ စီမံကိန်း တစ်ရပ်အတွက် ချေးငွေ ယွမ် ၅၂၅ သန်း (အမေရိကန် ဒေါ်လာ ၇၅ သန်း) အား ထောက်ပံ့ပေးမည့် ပထမဆုံး ချေးငွေ သဘောတူ စာချုပ်အား BRICS New Development Bank (NDB) က ဒီဇင်ဘာလ ၂၁ ရက်က လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။

အဆိုပါ ချေးငွေသည် Shanghai Lingang Distributed ဆိုလာ စွမ်းအင် စီမံကိန်းအား ပေးအပ်ခြင်း ဖြစ်ပြီး NDB နှင့် ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနနှင့် ရှန်ဟိုင်း မြို့တော်ဆိုင်ရာ အစိုးရတို့အကြား ချုပ်ဆိုခဲ့သည့် သဘောတူညီချက်အရ ချေးငွေကာလ ၁၇ နှစ် ဖြစ်သည်။

“ဆိုလာ စီမံကိန်းက တိုးတက်ပြီး စိမ်းလန်းသော ရင်းနှီးမြှုပ်နှံမှု၏ ဥပမာကောင်း တစ်ခု ဖြစ်တယ်” ဟု NDB ဥက္ကဋ္ဌ K.V. Kamath က ပြောသည်။

ကမ္ဘာ့ စီးပွားရေး နှေးကွေးလာမှု နလန်ထူနိုင်ရေးအတွက် NDB အနေဖြင့် အဖွဲ့ဝင်နိုင်ငံများနှင့် ကမ္ဘာ့ စီးပွားရေး လိုအပ်ချက် ချဲ့ထွင်ရန်အတွက် ရန်ပုံငွေ ထောက်ပံ့ခြင်းဖြင့် ပါဝင်နေကြောင်း တရုတ်နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဋ္ဌာန ဒုတိယ ဝန်ကြီး Shi Yaobin က ပြောသည်။

အဆိုပါ စီမံချက်သည် Shanghai Lingang Hongbo New Energy Development က လုပ်ဆောင်သည့် ဆိုလာလျှပ်စစ် စွမ်းအင်စက်ရုံ တစ်ခု ဖြစ်ပြီး မဂ္ဂါဝပ် ၁၀၀ ထုတ်လုပ်နိုင်မည် ဖြစ်သည်။

NDB အား ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် ရှန်ဟိုင်းမြို့၌ ဖွင့်လှစ်ခဲ့ပြီး BRICS အဖွဲ့ဝင်နိုင်ငံများနှင့် အခြား ဖွံ့ဖြိုးပြီး နှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများအား စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု စီမံကိန်းများနှင့် အခြေခံ အဆောက်အအုံ ငွေကြေးထောက်ပံ့နိုင်ရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ယင်း ဘဏ်၏ ပထမဆုံး ချေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၈၁၁ သန်းအား ဧပြီလက ခွင့်ပြုခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.