Connect with us

Economy

တရုတ်-အာဆီယံ ဆက်ဆံရေးသည် အကျိုးကျေးဇူးများစွာရှိကြောင်း တရုတ်ဒုတိယဝန်ကြီးချုပ်ပြော

တရုတ်နိုင်ငံဒုတိယဝန်ကြီးချုပ် ကျန်ကောလိက တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် အဖွင့်မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

နန်နင်း ၊ စက်တင်ဘာလ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား ကျယ်ပြန့်၊ အကျိုးကျေးဇူးရှိပြီး အနီးကပ် ဖြစ်သော ဆွေးနွေးဖက်ဆက်ဆံရေးများ တိုးတက်ခဲ့ကြောင်း တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ကျန်ကောလိက စက်တင်ဘာလ ၁၁ ရက်တွင်ပြောကြားလိုက်သည်။

တရုတ်-အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေးတည်ထောင်ခဲ့သည်မှာ ၂၅ နှစ် ကြာခဲ့ပြီဖြစ်ကြောင်း ၊ ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး နှင့် အကျိုးစီးပွားဆိုင်ရာကိစ္စရပ်များအတွက် သိသာထင်ရှားစွာ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ၁၃ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား၌ တရုတ်ဒုတိယဝန်ကြီးချုပ် ကျန်ကောလိက ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်-အာဆီယံပူးပေါင်း၍ ၂၁ ရာစု ရေကြောင်း ပိုးလမ်းမတည်ဆောက်ရန်အတွက် လွန်ခဲ့သော သုံးနှစ်က တရုတ်နိုင်ငံအဆိုပြုခဲ့သည့် ခေတ်သစ်ပိုးလမ်းမသည် “ အားရဖွယ် တိုးတက်ခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။
၂၁ ရာစုရေကြောင်း ပိုးလမ်းမ တည်ဆောက်ခြင်းသည် အခွင့်အရေးအသစ်တစ်ရပ်ဖြစ်ကြောင်း ၊ တရုတ် နှင့် အာဆီယံအကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုအတွက် မီးမောင်းအသစ်တစ်ခု နှင့် ယာဉ်မောင်းအသစ် တစ်ဦးဖြစ်ကြောင်း ကျန် ကပြောသည်။တရုတ်နိုင်ငံသည် အာဆီယံ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်သလို အာဆီယံသည် တရုတ်နိုင်ငံအတွက် တတိယအကြီးဆုံးကုန်သွယ်ဖက်ဖြစ်နေသည်။ ထို့ပြင် နှစ်ဖက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၆ဝ ဘီလီယံကျော် ရှိကြောင်း သိရသည်။
နှစ်ဖက်စလုံးတွင် အပြန်အလှန်အားဖြင့် ရထားလမ်းဖောက်လုပ်ခြင်း ၊ အမြန်လမ်းဖောက်လုပ်ခြင်း နှင့် စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံခြင်း စသည့် စီမံကိန်းပေါင်းများစွာကို ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် P to P ( ပြည်သူအချင်းချင်းဆက်ဆံရေး) ကို အပြန်အလှန်ဆောင်ရွက်လျက်ရှိသည်။ လွန်ခဲ့သော နှစ်က တရုတ် နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပြည်သူအချင်းချင်း ခရီးသွားလာမှုဦးရေသည် ၂၃ သန်းကျော်ထိ ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.