Connect with us

Economy

တရုတ်နိုင်ငံမှထွက်ရှိသော ကမ္ဘာ့အကြီးဆုံး ရေချိုပုလဲ “အိပ်ပျော်နေသော ပုလဲခြင်္သေ့” ကို The Hague လေလံပွဲတွင်ရောင်းချ

ကမ္ဘာ့အကြီးဆုံး ရေချိုပုလဲ “အိပ်ပျော်နေသော ပုလဲခြင်္သေ့” အား တွေ့ရစဉ် (ဆင်ဟွာ)

The Hague ၊ မေ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ရေပိုင်နက်အတွင်းမှ ၁၈ ရာစုနှစ်လယ်ပိုင်းက တွေ့ရှိခဲ့သည်ဟု ယူဆရပြီး သဘာဝရေချိုပုလဲများအနက် အကြီးဆုံးပုလဲတစ်လုံးဖြစ်သည့် အိပ်ပျော်နေသော ခြင်္သေ့ပုံသဏ္ဍာန်ရှိပုလဲ တစ်လုံးကို မေလ ၃၁ ရက်၌ လေလံတင်ရောင်းချမည် ဖြစ်ကြောင်း နယ်သာလန်နိုင်ငံ Venduehuis လေလံပွဲ အဆောက်အအုံက မေလ ၁၇ ရက်တွင် ကြေညာလိုက်သည်။

အဆိုပါ ပုလဲ၏ အရွယ်အစားမှာ ခန့်မှန်းခြေ ၇၀×၄၃×၃၉ မီလီမီတာရှိပြီး အလေးချိန်အားဖြင့် ၁၁၈.၆၅ ဂရမ်ရှိကြောင်း အင်္ဂလန်နိုင်ငံ Gemmology ဂျာနယ်အရ သိရပြီး ကမ္ဘာပေါ်တွင် အကြီးဆုံး ရေချိုပုလဲကြီး ဖြစ်ကြောင်း Venduehuis က ပြောကြားခဲ့သည်။

အဆိုပါ ပုလဲသည် တရုတ်-နယ်သာလန် သမိုင်းကြောင်းတွင် စိတ်ဝင်စားဖွယ်ရာဖြစ်ကြောင်း Venduehuis က ဖော်ပြထားသည်။ ယင်းသည် တရုတ်ရေပိုင်နက် Pearl River အတွင်းမှဖြစ်နိုင်ကြောင်း၊ ၁၈ ရာစု၏ ပထမနှစ်ဝက် အတွင်းမှ ပုံစံဖြစ်နိုင်ကြောင်း၊ ၁၇၆၅ ခုနှစ်ဝန်းကျင်တွင် Dutch East India ကုမ္ပဏီ (VOC) ၏ နယ်သာလန်ကုန်သည်တစ်ယောက်က “အိပ်ပျော်နေသော ပုလဲခြင်္သေ့” (Sleeping Lion Pearl) ကို Batavia မြို့ (ယခု ဂျကာတာမြို့) သို့ သဘောၤဖြင့် တင်ပို့ခဲ့သည်။ ထို့နောက် VOC စာရင်းကိုင် Hendrik Coenraad Sander က ပုလဲပိုင်ဆိုင်သူ ပထမဆုံး ဥရောပနိုင်ငံသားဖြစ်လာခဲ့သည်။

Sander ကွယ်လွန်ပြီးနောက် ၁၇၇၈ ခုနှစ်တွင် အမ်စတာဒမ်မြို့တွင် လေလံတင်ခဲ့ရာ ရုရှားနိုင်ငံ ဧကရီဘုရင်မ Catherine က ရရှိခဲ့သည်။ အဆိုပါ “အိပ်ပျော်နေသော ပုလဲခြင်္သေ့” အား ၁၇၉၆ ခုနှစ်အထိ စိန့်ပီတာဘတ်ခ်မြို့ရှိ Hermitage ပြတိုက်တွင် ပြသထားခဲ့ကြောင်း သိရသည်။

၁၈၆၅ ခုနှစ်တွင် Lodewijk Willem Van Kooten ရွှေပန်းထိမ်က အဆိုပါ ပုလဲကို ဝယ်ယူခဲ့သည်။ ၁၈၆၇ ခုနှစ်တွင် Van Kooten က အမ်စတာဒမ်မြို့သို့ ပြန်လာခဲ့ပြီး မျိုးဆက်လေးဆက်တိုင်အောင် အဆိုပါ ပုလဲကြီးအား ပိုင်ဆိုင်ခဲ့သည်။

၁၉၇၉ ခုနှစ်တွင်မူ Amsterdam Pearl Society က သုတေသနပြုရန်နှင့် ပုလဲကြီး သမိုင်းကြောင်းအား လေ့လာရန် ဝယ်ယူခဲ့သည်။ ယင်းနောက် နှစ်ပေါင်း ၄၀ နီးပါးကြာပြီး နောက်ဆုံးတွင် အဆိုပါအဖွဲ့အစည်းက ပုလဲအား လေလံတင်ရောင်းချတော့မည် ဖြစ်သည်။

အဆိုပါ “အိပ်ပျော်နေသော ပုလဲခြင်္သေ့” သည် တန်ဖိုးအားဖြင့် ခန့်မှန်းခြေ ယူရို ၃၄၀,၀၀၀ နှင့် ၅၄၀,၀၀၀ (အမေရိကန်ဒေါ်လာ ၄၀၄,၄၁၅ နှင့် ၆၃၇,၅၄၂) အကြားရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.