Connect with us

Economy

တရုတ်၏ ပထမဆုံး လူလုပ်ကျွန်းအား ပြည်မကြီးနှင့် ဆက်သွယ်ပေးမည့် တံတား တည်ဆောက် ပြီးစီး

တရုတ်၏ ပထမဆုံး လူလုပ်ကျွန်းနှင့် အဆိုပါ ကျွန်းအား ပြည်မကြီး နှင့် ဆက်သွယ် ပေးထားသော တံတားအားတွေ့ရစဉ် (ဆင်ဟွာ)

ဖူကျန့်၊ မေ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပထမဆုံး လူလုပ်ကျွန်း နှင့် ပြည်မကြီးကို ဆက်သွယ် ပေးနိုင်မည့် တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့် ပြည်နယ် ရှိ တံတားအား တည်ဆောက်ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားသည် အလျား ၁,၀၁၀.၈ မီတာ ရှည်လျားပြီး လူလုပ်ကျွန်း ဖြစ်သည့် Double Happiness ကျွန်းနှင့် ရှမန် ပင်လယ်အော် အလွန်ရှိ ကျန့်ကျိုး ဖွံ့ဖြိုးရေးဇုန်ကို ဆက်သွယ်ပေးထားကာ Double Happiness ကျွန်းသည် ၂၀၂၄ ခုနှစ် တွင် အပန်းဖြေစခန်းနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပန်းခြံတစ်ခု ဖြစ်လာမည်ဟု မျှော်လင့်ရသည်။

ကျွန်းတည်ဆောက်မှုကို ၂၀၁၀ ခုနှစ် တွင် စတင် လုပ်ဆောင်ခဲ့ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် တရုတ်နိုင်ငံ၏ ပထမဆုံး လူလုပ်ကျွန်း စီမံကိန်း တစ်ခု ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျွန်းသည် အကျယ်အဝန်း အားဖြင့် ၁၈၂ ဟက်တာရှိပြီး ကမ်းရိုးတန်းအရှည် ၁၁.၇ ကီလိုမီတာ ရှိသည်။

မေလ ၂၇ ရက် မတိုင်ခင်အထိ ကျွန်းတည်ဆောက်မှု အတွက် မြေကြီးပမာဏ သန်း ၃၀ ကုဗမီတာ မြေဖို့ပြီး ဖြစ်ကြောင်း သိရသည်။

ထိုက်ချိ ပညာရပ်အရ လူလုပ်ကျွန်းသည် လင်းပိုင် နှစ်ကောင် ပတ်ဝိုင်းနေပုံ နှင့် တူကြောင်း သိရသည်။

လူလုပ်ကျွန်း၏ အခြေခံ တည်ဆောက်ရေး လုပ်ငန်းများနှင့် အဆောက်အဦ ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုများ ပြီးစီးသွားပြီ ဖြစ်ကာ ရုပ်ရှင်ပွဲတော်၊ ဘီယာ ပွဲတော်နှင့် ဟန်နီးမွန်း ပွဲတော်များ ကဲ့သို့သော အစီအစဉ်များအား ထောက်ပံ့ပေးရန် မေလ ၂၇ ရက်တွင် ဖျော်ဖြေရေး အဆောက်အအုံ များကို တည်ဆောက်နေပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117