Connect with us

Economy

၁၃ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ တတိယမြောက်နေ့ဆက်လက်ကျင်းပ

၁၃ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲရှိ ပြခန်းများအားတွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း ၊ စက်တင်ဘာလ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်း Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် နန်နင်း၌ ပြုလုပ်သည့် ၁၃ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ တတိယမြောက်နေ့ကို စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။

စက်တင်ဘာလ ၁၁ ရက် မှ ၁၄ ရက် အထိ ၄ ရက်ကြာကျင်းပသည့် အဆိုပါ ပြပွဲတွင် အာဆီယံအဖွဲ့ဝင် ၁ဝ နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ကုမ္ပဏီပေါင်း ၂၅ဝဝ ကျော်ပါဝင်ပြသလျက်ရှိသည်။ ထို့ပြင် အိန္ဒိယ၊ ပါကစ္စတန် ၊ သီရိလင်္ကာ နှင့် ကာဇက်စတန်နိုင်ငံများမှ ကုမ္ပဏီတို့ကလည်း ပါဝင်ပြသလျက်ရှိကြောင်း သိရသည်။

၁၃ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲရှိ ပြခန်းများအားတွေ့ရစဉ် (ဆင်ဟွာ)

၁၃ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲရှိ ပြခန်းများအားတွေ့ရစဉ် (ဆင်ဟွာ)

၁၃ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲရှိ ပြခန်းများအားတွေ့ရစဉ် (ဆင်ဟွာ)

၁၃ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲရှိ ပြခန်းများအားတွေ့ရစဉ် (ဆင်ဟွာ)

၁၃ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲရှိ ပြခန်းများအားတွေ့ရစဉ် (ဆင်ဟွာ)

၁၃ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲရှိ ပြခန်းများအားတွေ့ရစဉ် (ဆင်ဟွာ)
“ ၂၁ ရာစု ရေကြောင်းပိုးလမ်းမကို ပူးပေါင်းတည်ဆောက်ခြင်းနှင့် တရုတ်-အာဆီယံ လူမှုအသိုင်းအဝိုင်းတွင် ဘုံဦးတည်ချက်ဖြင့် နီးကပ်စွာလက်တွဲ ဆောင်ရွက်ခြင်း” ဦးတည်ချက်ဖြင့် ကျင်းပသော ကုန်စည်ပြပွဲတွင် ပြခန်းပေါင်း ၅၈ဝဝ ခန်းပါဝင်ကြောင်း သိရသည်။
တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ကျန်ကောလိက ၁၃ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် တရုတ်-အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေးတည်ထောင်ခဲ့သည်မှာ ၂၅ နှစ် ကြာခဲ့ပြီဖြစ်သလို ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး နှင့် အကျိုးစီးပွားဆိုင်ရာကိစ္စရပ်များအတွက် သိသာထင်ရှားစွာ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.