Connect with us

Economy

တရုတ်နိုင်ငံ၏ အမြင့်ဆုံး အဆောက်အအုံ၏ မြေအောက်ထပ်နှင့် တိုးခဲျ့ အဆောက်အအုံ ဖွင့်လှစ်

ရှန်ဟိုင်းတာဝါ၏ တိုးချဲ့ အဆောက်အအုံအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ရှန်ဟိုင်း၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် အမြင့်ဆုံး ရှန်ဟိုင်းတာဝါ၏ မြေအောက်ထပ်နှင့် တိုးချဲ့ အဆောက်အအုံ တစ်ခုအား ဖွင့်လှစ်လိုက်ပြီး ကျန်သည့် အပိုင်းများအား ယခုနှစ်ကုန် နှောင်းပိုင်းတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိ သူများက ဧပြီလ ၂၇ ရက်က ပြောသည်။

အထပ် ၅ ထပ် ပါဝင်သည့် တိုးချဲ့ အဆောက်အအုံ အား ညီလာခံများ ပြုလုပ်နိုင်ရန် အတွက် ဒီဇိုင်း ရေးဆွဲထားသည်။ ယင်း အဆောက်အအုံတွင် စတုရန်းမီတာ ၂,၀၀၀ ကျယ်ဝန်းသည့် ခန်းမ တစ်ခု၊ အစည်းအဝေးများ ကျင်းပရန် အတွက် အခန်းငယ်များစွာ ကန့်နိုင်သော စတုရန်းမီတာ ၁,၀၀၀ ကျယ်ဝန်းသည့် ခန်းမတစ်ခုနှင့် ဥယျာဉ် တစ်ခု ပါဝင်သည်။
မြေအောက်ထပ်တွင်မူ အရောင်းပြခန်း တစ်ခု ဖွင့်လှစ်ထားကြောင်း သိရသည်။
ရှန်ဟိုင်း တာဝါအား ဖူဒုန် ခရိုင်သစ်ရှိ Lujiazui စီးပွားရေး အချက်အခြာ နေရာ၌ ၂၀၀၈ ခုနှစ်က စတင် တည်ဆောက်ခဲ့သည်။ အထပ်ပေါင်း ၁၃၇ ထပ်နှင့် အရှည် ၆၃၂ မီတာမြင့်သည့် ယင်းတာဝါသည် ဒူဘိုင်းရှိ Burj Khalifa ပြီးနောက် ကမ္ဘာပေါ်တွင် ဒုတိယ အမြင့်ဆုံး မိုးမျှော်တိုက် ဖြစ်သည်။ အဆိုပါ ရှန်ဟိုင်းတာဝါ၌ ရုံးခန်းများ၊ စီးပွားရေး ဆိုင်ရာ နေရာများ၊ ကြယ် ၅ ပွင့် ဟိုတယ် တစ်လုံး၊ ပြပွဲနှင့် ညီလာခံများ ကျင်းပနိုင်မည့် ခန်းမများ၊ အပန်းဖြေဆိုင်ရာ အဆောက်အဦများ စသည်တို့ ပါဝင်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.