Connect with us

Economy

ယခုနှစ်၏ အကြိမ် ၁၀၀ မြောက် တရုတ်-ဥရောပ ရထားခရီးစဉ် စတင်ထွက်ခွာခဲ့ပြီး တစ်နှစ်အတွင်း ဥရောပတိုက်သို့ ကပ်ရောဂါ ကာကွယ်ရေးပစ္စည်းပေါင်း တန်ချိန် ၅,၅၈၀ ပို့ဆောင်ပေးခဲ့

တရုတ်နိုင်ငံ ဝူဟန့်မြို့ မှ ဂျာမနီနိုင်ငံ Duisburg မြို့သို့ ထွက်ခွာသွားသည့် ရထားခရီးစဉ် မှတ် X8015/6 ထွက်ခွာသွားစဉ် (ဆင်ဟွာ)

ဝူဟန့် ၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

တရုတ်နိုင်ငံ ဝူဟန့်စသောဒေသများရှိ လုပ်ငန်းကုမ္ပဏီများမှ ထုတ်လုပ်ထားသည့် ကပ်ရောဂါ ကာကွယ်ရေးပစ္စည်းများ သယ်ဆောင်ထားသည့် တရုတ်-ဥရောပ ရထားပို့ဆောင်ရေးခရီးစဉ်၏ ခရီးစဉ် အမှတ် X8015 က ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းအချိန်တွင် ဝူဟန့်မြို့ ဝူကြားဆန်းဘူတာရုံမှ ဂျာမနီနိုင်ငံ Duisburg မြို့သို့ စတင်ထွက်ခွာသွားခဲ့ပြီး ယင်းမှာ ယခုနှစ် အတွင်း ဝူဟန့်မြို့ မှ စတင်ထွက်ခွာသည့် အကြိမ် ၁၀၀ မြောက် တရုတ်-ဥရောပ ရထားခရီးစဉ် ဖြစ်ကြောင်း သိရှိရသည်။

ဝူဟန့်ဟန့်အိုးအပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီတာဝန်ရှိသူ၏ ပြောကြားချက်အရ တရုတ်-ဥရောပ ရထားခရီးစဉ် မှ တစ်ဆင့် တရုတ်နိုင်ငံ ဟူပေပြည်နယ် မှ ထုတ်လုပ်ပေးသည့် ကပ်ရောဂါ ကာကွယ်ရေး ပစ္စည်းများကို ဥရောပတိုက်သို့ အဆက်မပြတ် ပို့ဆောင်ပေးနိုင်ခဲ့ကာ သက်ဆိုင်ရာ နိုင်ငံများတွင် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အထောက်အကူ ဖြစ်စေခဲ့ကြောင်း ၊ လက်ရှိချိန်ထိ ဝူဟန့်မြို့ မှ ထွက်ခွာခဲ့သည့် တရုတ်-ဥရောပ ရထားခရီးစဉ်သည် ဂျာမနီ ၊ ဆားဘီးယား ၊ ပိုလန် ၊ သြစတြီးယား စသည့် ဥရောပ နိုင်ငံများသို့ နှာခေါင်းစည်း ၊ ကိုယ်အပူချိန်တိုင်းကိရိယာ ၊ ခွဲစိတ်ခန်းသုံးဝတ်စုံ ၊ အသက်ရှူအထောက်အကူပြုစက် နှင့် PPE စသည့် ကပ်ရောဂါ ကာကွယ်ရေး ပစ္စည်းများအား ကွန်တိန်နာပေါင်း ၇၆၂ သေတ္တာဖြင့် ပို့ဆောင်ပေးခဲ့ပြီး တန်ချိန်အားဖြင့် ၅,၅၈၀ တန် ရှိကြောင်း သိရှိရသည်။

ဝူကြားဆန်း ဘူတာရုံ အတွင်းရေးမှူး ဆောင်းသုံး က ဘူတာရုံအနေဖြင့် အစိမ်းရောင်လမ်းကြောင်း ဖွင့်လှစ်ပေးထားပြီး ကုန်စည်ပို့ဆောင်ရေး စီမံခန့်ခွဲမှုနှင့်နေရာချထားမှုကို ပိုမိုလျင်မြင်အောင် တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ကာ တရုတ်-ဥရောပ ရထားခရီးစဉ် အချိန်မီ ထွက်ခွာနိုင်ရန် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
————————————-
(Chinese Version)
武汉今年第100列中欧班列开出 已向欧洲运送防疫物资5580吨
2020-12-26 15:34:04 分类: 社会
  新华社武汉12月26日电(记者王贤)装载湖北武汉等地企业生产的防疫物资等产品的X8015次列车26日清晨从武汉吴家山站开出,驶往德国杜伊斯堡。这是武汉今年开出的第100列中欧班列,也是当地累计开出的第841列中欧班列。
  武汉汉欧国际物流有限公司相关负责人说,通过中欧班列,湖北产防疫物资源源不断运往欧洲,支持相关国家疫情防控。截至目前,从武汉开出的中欧班列已先后向德国、塞尔维亚、波兰、奥地利等欧洲国家运送口罩、测温枪、手术衣、呼吸机、防护服等防疫物资762标箱、5580吨。
  吴家山站党支部书记邵冬说,车站开通绿色通道,强化运输组织,确保中欧班列及时编组、对位、挂出、准点开车。(完)

Photo
3月28日上午10点,中欧班列(武汉)X8015/6次运载50只集装箱从中铁联集武汉中心站始发。班列将从阿拉山口出境,预计15天后抵达德国杜伊斯堡。这是自疫情防控以来,从武汉开出的首趟中欧班列,标志着中欧班列(武汉)恢复常态化运营。 新华社记者肖艺九摄