Connect with us

Economy

တရုတ်-အမေရိကန် နှစ်နိုင်ငံ သည် အခြေခံအဆောက်အအုံ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အလားအလာ ကြီးမားစွာ ရှိနေကြောင်း ကမ္ဘာ့ဘဏ် ၏ ထိပ်တန်း စီးပွားရေး ပညာရှင် ဟောင်း ပြောကြား

ကမ္ဘာ့ဘဏ် ၏ ထိပ်တန်း စီးပွားရေး ပညာရှင် ဟောင်း ၊ ပေကျင်း တက္ကသိုလ် ပါမောက္ခ လင်ရိဖူး အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ)

အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် ၏ နိုင်ငံရေး အုပ်ချုပ်မှု လမ်းစဉ်တွင် အခြေခံ အဆောက်အအုံ ကဏ္ဍ မြှင့်တင်ခြင်းသည် စီးပွားရေး တိုးတက်ရန် အတွက် အလွန်အရေးပါကြောင်း ပြောကြားခဲ့ပြီး ဤသည်မှာလည်း တရုတ် နိုင်ငံ မှ ဖော်ဆောင်နေသည့် “ခေတ်သစ်ပိုးလမ်းမကြီး” စီမံကိန်း ၏ အခြေခံအဆောက်အအုံ ကဏ္ဍ အား တွန်းအားပေး ဆောင်ရွက်ခြင်းဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်သည့် အယူအဆ နှင့် ကိုက်ညီနေသောကြောင့် တရုတ်-အမေရိကန် နှစ်နိုင်ငံ အနေဖြင့် ယင်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု အလားအလာ ကြီးမားစွာ ရှိနေကြောင်း ပြောကြား ကမ္ဘာ့ဘဏ် ၏ ထိပ်တန်း စီးပွားရေး ပညာရှင် ဟောင်း ၊ ပေကျင်း တက္ကသိုလ် ပါမောက္ခ လင်ရိဖူး က ဇန်နဝါရီလ ၅ ရက်နေ့တွင် နယူးယောက်၌ ခဲ့သည်။

လင်ရိဖူးက သည် နယူးယောက် မြို့၌် ကျင်းပ သည့် “၂၀၁၇ ခုနှစ် တရုတ် နိုင်ငံ စီးပွားရေး အလားအလာ” ဖိုရမ်တွင် အပြည်ပြည်ဆိုင်ရာ ငွေကြေး အခက်အခဲ ကြုံတွေ့ခဲ့အပြီးတွင် တရုတ် နိုင်ငံ အနေဖြင့် အခြေခံ အဆောက်အအုံအား တွန်းအားပေး ဆောင်ရွက်ခဲ့သောကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အခြေအနေ ဝေဝါးသည့် ပတ်ဝန်းကျင် အောက်တွင် စီးပွားရေး တည်ငြိမ်စွာ တိုးတက်မှုကို ရရှိနိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ သည် ထို အယူအဆ ကို ဆက်လက် စွဲကိုင်သွားမည် ဖြစ်ပြီး “ခေတ်သစ်ပိုးလမ်းမကြီး” ဖော်ဆောင်မှု နှင့် အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် စသည့် လုပ်ငန်းများမှ ဖွံ့ဖြိုးဆဲနိုင်ငံများအား ထိုအတွေ့အကြုံများကို ဖြန့်ဝေ သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် လင်ရိဖူး က ဒေါ်နယ်ထရမ့် အနေဖြင့် ရွေးကောက်ပွဲ ကာလ အတွင်း အမေရိကန် အား ပြန်လည် အင်အားကြီးရန် ဆောင်ရွက်မည် ကို အကြိမ်ကြိမ် ပြောကြားခဲ့ပြီး အခြေခံ အဆောက်အအုံသည် စီးပွားရေး တိုးတက်ရန် အတွက် အဓိက တွန်းအားဖြစ်သည်ဟု ပြောကြား ခဲ့ကြောင်း ၊ အနာဂတ်တွင် တရုတ် နှင့် အမေရိကန် နိုင်ငံတို့မှ ပူးပေါင်းကာ ကမ္ဘာ့နိုင်ငံ အနှံ့အပြားတွင် အခြေခံ အဆောက်အအုံ စီမံကိန်း များပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် တရုတ်-အမေရိကန် နှစ်နိုင်ငံ ရှိ လုပ်ငန်းကုမ္ပဏီ များ၏ ရင်းနှီးမြှုပ်နှံမှု နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အကျိုးရှိရုံသာမကဘဲ အခြေခံ အဆောက်အအုံတွင် အခက်အခဲရှိနေသည့် ဖွံ့ဖြိုးဆဲ နိုင်ငံ များကိုလည်း ကူညီထောက်ပံ့နိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

“၂၀၁၇ ခုနှစ် တရုတ် နိုင်ငံ စီးပွားရေး အလားအလာ” ဖိုရမ် သည် တစ်နိုင်ငံလုံး ဆိုင်ရာ အမေရိကန်-တရုတ် ဆက်ဆံရေး ကော်မရှင် နှင့် ပေကျင်း တက္ကသိုလ် တရုတ် နိုင်ငံ ဗဟို စီးပွားရေး သုသေတန ဋ္ဌာန တို့မှ ပူးပေါင်း ကျင်းပ ခြင်းဖြစ်ကြောင်း သိရှိရသည်။ (Xinhua)