Connect with us

Economy

59.60 ကာရက်ရှိသော ပန်းရောင်စိန်ပွင့် ဟောင်ကောင်တွင် လေလံတင်

၅၉.၆၀ ကာရက်ရှိသော ပန်းရောင် စိန်ပွင့်အား တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

အလေးချိန် ၅၉.၆၀ ကာရက်ရှိသော ပန်းရောင် စိန် တစ်ပွင့်အား ဧပြီလ ၄ ရက်နေ့ ဟောင်ကောင်တွင် ပြုလုပ်မည့် Sotheby ၏ ဟောင်ကောင် ကျောက်မျက်နှင့် ကျောက်စိမ်း နွေဦးပြပွဲ၌ လေလံတင် ရောင်းချသွားမည် ဖြစ်သည်။

အတွင်းပိုင်း အပြစ်အနာအဆာကင်း တောက်ပသော ပန်းရောင်စိန်ပွင့်အား အမေရိကန်နိုင်ငံရှိ Gemological Institute of America (GIA) က အသိအမှတ်ပြုထားသည့် အကြီးဆုံး စိန်ပွင့်လည်း ဖြစ်သည်။

တန်ဖိုးအားဖြင့် အနည်းဆုံး အမေရိကန် ဒေါ်လာ သန်း ၆၀ ကျော် ရှိသည့် အဆိုပါ ပန်းရောင်စိန်က ဟောင်ကောင် နွေဦး လေလံပွဲကို ဦးဆောင်နိုင်ဖွယ် ရှိသည်။

၁၉၉၉ ခုနှစ်က အာဖရိကရှိ De Beers သတ္တုတွင်းမှ တွေ့ရှိခဲ့သည့် ၁၃၂.၅ ကာရက်ရှိသော စိန်အရိုင်းတုံးကို အသေးစိတ် ဖြတ်တောက်ကာ နှစ်နှစ်ကျော်ကြာ ပြုပြင်မွမ်းမံပြီးနောက် ယခုလို ၅၉.၆၀ ကာရက်ရှိသော အပြစ်အနာအဆာကင်းသော စိန်တစ်ပွင့် ဖြစ်လာခဲ့သည်။

ထို စိန်မှာ ပန်းရောင်စိန်များအတွက် အမြင့်ဆုံး အရောင်နှင့် ကြည်လင်ပြတ်သားသော အဆင့်အဖြစ် GIA က သတ်မှတ်ခံထားရပြီး စိန်ကျောက်မျက်များအားလုံးတွင် နှစ်ရာခိုင်နှှုန်းသာရှိသော တွေ့ရခဲသည့် ကျောက်မျက် အမျိုးအစားလည်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.