Connect with us

Economy

AIIB ဘဏ်တွင် အဖွဲ့ဝင်အဖြစ် လျှောက်ထားသူ ၁၃ နိုင်ငံရှိ၊ အဖွဲ့ဝင် ၇၀ နိုင်ငံအထိ တိုးချဲ့သွားမည်

AIIB ဥက္ကဋ္ဌ Jin Liqun အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၃ ရက် (ဆင်ဟွာ)

အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (Asian Infrastructure Investment Bank= AIIB) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်လိုသူ နိုင်ငံ ၁၃ နိုင်ငံက လျှောက်ထားမှုအား အုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုလိုက်သည့် အတွက် ဘဏ်၏ စုစုပေါင်းအဖွဲ့ဝင် နိုင်ငံ ၇၀ ရှိလာမည် ဖြစ်ကြောင်း ယနေ့ (မတ်လ ၂၃ ရက်) က ကြေညာလိုက်သည်။

AIIB ၏ ပြောရေးဆိုခွင့်ရှိသူက သတင်းစာရှင်းပွဲ တစ်ခုတွင် ကြေညာလိုက်ခြင်း ဖြစ်ပြီး ဘဏ် စတင် တည်ထောင်စကတည်းက ပထမဆုံး အကြိမ်အဖြစ် အဖွဲ့ဝင်သစ်အား ကြိုဆိုလိုက်ခြင်း ဖြစ်သည်။

ပါဝင် ခွင့်ပြုလိုက်သည့် အဖွဲ့ဝင်နိုင်ငံများမှာ ဒေသတွင်းနိုင်ငံ ငါးနိုင်ငံ ဖြစ်သော အာဖဂန်နစ္စတန်၊ အာမေးနီးယား၊ ဖီဂျီ၊ ဟောင်ကောင်နှင့် အရှေ့တီမော၊ ဒေသတွင်း မဟုတ်သောနိုင်ငံများ ဖြစ်သည့် ဘယ်လ်ဂျီယံ၊ ကနေဒါ၊ အီသီယိုးပီးယား၊ ဟန်ဂေရီ၊ အိုင်ယာလန်၊ ပီရူး၊ ဆူဒန်နှင့် ဗင်နီဇွဲလား စသည့် နိုင်ငံများ ဖြစ်ကြောင်း သိရသည်။

“ကမ္ဘာအနှံ့မှ AIIB နဲ့ချိတ်ဆက်တဲ့အတွက် အကျိုးအမြတ်အားဖြင့် နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုအလား ဘဏ်ကိုတည်ထောင်ထားလို့ လျင်မြန်စွာ တိုးတက်မှုများ ရှိလာမည်ကို အခိုင်အမာ ပြောကြားလိုပါတယ်” ဟု AIIB ဥက္ကဋ္ဌ Jin Liqun က ပြောကြားခဲ့သည်။

၎င်းက ဆက်၍ “ခုဆိုရင် ကမ္ဘာ့ တိုက်ကြီး အားလုံးနီးပါးက အဖွဲ့ဝင်တွေ ဖြစ်လာတဲ့အတွက် ကျွန်တော် ဂုဏ်ယူပါတယ်၊ ဒီနှစ်နှောင်းပိုင်းမှာလဲ အခြားအဖွဲ့ဝင်တွေကို ပိုပြီးလက်ခံနိုင်ဖို့ အုပ်ချုပ်ရေးအဖွဲ့က စဉ်းစားသွားမှာပါ” ဟု ပြောကြားခဲ့သည်။

အဆိုပါ အဖွဲ့ဝင်သစ် ၁၃ နိုင်ငံသည် သက်ဆိုင်ရာ ပြည်တွင်း လုပ်ငန်းစဉ်များ ပြည့်စုံရန်နှင့် ကနဦး ထည့်ဝင်ငွေအား တရားဝင် ပေးသွင်းရမည် ဖြစ်သည်။

၂၀၁၅ ခုနှစ်က အဖွဲ့ဝင် ၅၇ နိုင်ငံဖြင့် ဖွဲ့စည်းခဲ့သည့် AIIB သည် အာရှတွင် လိုအပ်လျက်ရှိသော အခြေခံ အဆောက်အအုံ ကဏ္ဍအတွက် ငွေကြေး ကူညီထောက်ပံ့ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.